Sunday 2 October 2011

စပါးဈေးမြင့်တက်နေသောကြောင့် ဆန်ဈေးများလည်း မြင့်တက်လာ

အောင်ကိုကိုလတ်(မြစ်မခ)

အောက်တိုဘာ ၁၊ ရန်ကုန်မြို့။

စပါးထွက်ရှိရာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း စတဲ့ ဒေသများအပါအ၀င် နယ်ဒေသများတွင် စပါးဈေးနူန်မှာလည်း မြင့်တက်နေသောကြောင့်ရန်ကုန်တိုင်း ဒေသကြီးတွင်းရှိဆန် ဈေးနူန်းများမြင့်တက်လျက်ရှိကြောင်း ဘုရင့်နောင် ဆန်ကုန်သည်များထံမှသိရှိရသည်။

စပါးထွက်ရှိရာ နယ်ဒေသများတွင် စက်တင်ဘာလပိုင်းတွင် ဧည့်မထ အုပ်စုဝင် ဆန်ကြမ်းစပါးများမှာ တင်း ၁၀၀ လျှင် ငါးသိန်းလောက်ထိ ပေါက်ဈေးရှိခဲ့ပြီး၊ ယခုအခါ နယ်စပါးလှောင်လက်များက အများအပြား ၀ယ်ယူလာကြသောကြောင့်ကျပ်ငါးသိန်း၅ သောင်းကျော်မှကျပ်၆သိန်းအထိ ဈေးကောင်းရရှိနေကြောင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးတွင်း ရှိစပါးစိုက်တောင်သူများ ထံမှသိရသည်။

“အခုစပါးဈေးက အနောအုပ်စုဝင် စပါးတင်း ၁၀၀ ကို ကျပ် ငါးသိန်း ၅ သောင်းလောက် ထိရှိတယ်။ အဲဒီစပါးဆို ဆန်စက်မှာ ၂၄ ပြည်ဝင်ဆန်တစ်အိတ်ကို ကျပ် သုံးသောင်းလောက်ထိဈေးရလာတယ် ” ဟု ပဲခူးမြို့မှ ဆန်စက်လုပ်ငန်းရှင် ဦးငွေလှိုင် ကပြောသည်။

နယ်ဈေးကွက်များတွင် ဆန်ချောစပါးတင်းတစ်ရာလျှင် ယခင်လက ကျပ် ၆ သိန်းခန့်ရှိရာမှ ယခုအခါ ကျပ် ၇သိန်း သိန်းဝန်းကျင်ခန့်ရှိပြီး ဆန်ကြမ်းဧမထဈေးမှာ ယခင်လက ကျပ် ၄သိန်း ၅ သောင်းဈေးမှ ယခု တင်းတစ်ရာလျှင် ကျပ် ၅ သိန်း ၀န်းကျင်ခန့် အထိဈေးနူန်းများမြင့်တက်လျက်ရှိကြောင်း သိရသည်။

“စပါးရိတ်ချိန်ကဆို ကျွန်တော်ရောင်းတာ ကျပ် ၃သိန်း ၅သောင်းလောက်ပဲရှိတယ်။ အခုစပါးကကောင်းလာ တယ်။ အခုဆိုရင် ကျပ်လေးသိန်း- ငါးသိန်းအတက်မှာရှိလာတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးမှ တောင်သူ ဦးမင်းဆွေ ကပြောသည်။

ယခုနှစ်တွင် မိုးရွာသွန်းမှုများခြင်းကြောင့် လယ်ကွင်းများ ရေမြှုပ်ပြီး ပျက်ဆီးမှု များဖြစ်ပေါ်ခဲ့သည့် အတွက် စပါးရှားပြီး ဈေးကောင်းနေခြင်းဖြစ်ကြောင်း ဦးမင်းဆွေက ပြောသည်။

`ကားတွေ တန်ပိုသတ်မှတ်ပြီး သယ်စရိတ်လည်းတက်လာတယ်။ နောက် နယ်တွေမှာလည်း စပါးဈေးကတက်လာတော့ ဆန်ဈေးကွက်မှာပါ ဈေးတက်လာတယ်။ နယ်ကယူဈေးကိုက တစ်အိတ်ကို ကျပ် ၂၄၀၀၀ လောက်ရှိတယ် ကျွန်တော်တို့ ရောင်းတော့ ဆန်ကြမ်းကို တအိတ် ၂ သာင်း ၈ထောင်နဲ့ လက်ကားပေးရတယ်၊ လက်လီဆိုင်တွေမှာတော့ပိုဆိုးမှာပေါ့ဟု ”ဟု ရန်ကုန်မြို့၊ဘုရင့်နောင်မှ ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့်လည်း ဆန်ဈေးမှာ ယခင်ကထက် ပိုပြီး မြင့်တက်နေခြင်းဖြစ်ကြောင်း ဘုရင့်နောင်ဆန်လုပ်ငန်းရှင် တစ်ဦးကပြောသည်။

ဘုရင့်နောင်ဈေးကွက်တွင် စက်တင်ဘာလပိုင်း၌ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်၂၂၀၀၀ ၀န်းကျင့်ခန့်သာ ရှိခဲ့သော်လည်း ယခုအောက်တိုဘာလပိုင်း၌ တစ်အိတ်လျှင် ကျပ် ၂၅၀၀၀ ၀န်းကျင့်ခန့်မှ ကျပ် ၃သောင်းကျော် အထိရှိလာကြောင်း၊ ဆန်ချောဈေးမှာလည်း စက်တင်ဘာလပိုင်း၌ တစ်အိတ်လျှင် ကျပ် ၂၈၀၀၀ ၀န်းကျင်ခန့်သာရှိခဲ့သော်လည်း ယခုအောက်တိုဘာလပိုင်း၌ တစ်အိတ်လျှင် ကျပ် ၃၆၀၀၀ ၀န်းကျင်ခန့်အထိမြင့် တက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှသိရှိရသည်

No comments:

Post a Comment