Monday 3 October 2011

မြစ်ဆုံအရေး တရုတ်အစိုးရ တုံ့ပြန်


ခင်ဦးသာ Monday, 03 October 2011 19:00

ဧရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်းများ ဆိုင်းငံ့ထားမည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့ပြီး နောက်တနေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီတို့၏ အကျိုးစီးပွားရေးကို ထိန်းသိမ်းပေးရန် မြန်မာအစိုးရကို တုံ့ပြန် ပြောဆိုလိုက်သည်။

စီမံကိန်းအတွက် နှစ်နိုင်ငံ အပြန်အလှန် ဆွေးနွေး ညှိနှိုင်းပြီးမှ လုပ်ဆောင်ခဲ့ကြောင်း၊ လိုအပ်သော သိပ္ပံဆိုင်ရာ လေ့လာမှုများကို သေချာ ကျနစွာ ဆောင်ရွက်ပြီးမှ စီမံကိန်း စတင်ခဲ့ခြင်း ဖြစ်ကြောင်း စနေနေ့က ထွက်ပေါ်လာသည့် တရုတ် နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်က ဆိုသည်။ စီမံကိန်းအား ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများ အဆက်မပြတ် ဆန့်ကျင် ကန့်ကွက်နေခြင်းနှင့် ပတ်သက်၍ တစုံတရာ ဖော်ပြထားခြင်းမရှိပေ။

ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ထိုသို့ တုံ့ပြန်သော်လည်း အမေရိကန်အစိုးရကမူ မြန်မာပြည်သူတို့၏ အသံကိုအလေးထားပြီး ထိုသို့ ဆုံးဖြတ်ခြင်းကို ကြိုဆိုသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

မြစ်ဆုံစီမံကိန်းကို ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ရန် စီစဉ်ခဲ့ပြီး မေခ၊ မလိခမြစ်များပေါ်ရှိ ရေကာစီမံကိန်းများအတွက် တရုတ်နိုင်ငံက ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားသည်။

တရုတ်နှင့်မြန်မာ အစိုးရတို့သည် ထိုစီမံကိန်းအတွက်၂၀၀၆ ခုနှစ်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ခဲ့သည်။ တည်ဆောက်ရေး လုပ်ငန်း မည်မျှအထိ ပြီးစီးနေကြောင်းကို နှစ်နိုင်ငံ အစိုးရများက ထုတ်ပြန်ခြင်း မရှိသေးပေ။

ဤအတောအတွင်း မြစ်ဆုံဒေသ စီမံကိန်းကို ဦးဆောင်ခဲ့သော တရုတ် China Power Investment (CPI) ကုမ္ပဏီက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အစီရင်စာတစောင် ထုတ်ပြန်လိုက်သည်။ ထိုအစီရင်ခံစာတွင် မြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နည်းပါးကြောင်း၊ ဒေသစီးပွား တိုးတက်လာမည်ဖြစ်၍ စီမံကိန်းကို ဒေသခံ ကချင် လူထု ၈၀ ရာခိုင်နှုန်းကျော်က ထောက်ခံကြောင်း ဖော်ပြထားသည်။ စီမံကိန်းပြီးစီးသည့်အခါ ပြောင်းလဲလာသည့် သဘာ၀၀န်းကျင်အနေအထားကြောင့် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးလာမည်ဟု ဆိုသည်။

ထိုအစီရင်ခံစာပါ အချက်များကို ကမ္ဘာ့မြစ်များ ကာကွယ် ထိန်းသိမ်းရေးအဖွဲ့ (International Rivers Network - IRN) က လက်ခံခြင်း မရှိပေ။

“အစီရင်ခံစာမှာ ပြောထားတဲ့ ဇီဝမျိုးစိတ်တွေကို နေရာပြောင်းလို့ရတယ် ဆိုတာဟာ မဖြစ်နိုင်တဲ့ကိစ္စပါ၊ ဇီဝ မျိုးစိတ်တွေ၊ ရှားပါးတဲ့ ရေနေ၊ ကုန်းနေ သတ္တ၀ါတွေ၊ အပင် မျိုးစိတ်တွေ စတဲ့ ဂေဟစနစ်တွေကို တနေရာက တနေရာကို ပြောင်းရွှေ့လို့ မရပါဘူး” ဟု IRN မှ ဥပဒေပညာရှင် တရုတ်အမျိုးသမီး Ms. Grace Mang က ဧရာဝတီကို ပြောသည်။

မြစ်ဆုံ စီမံကိန်းများ တည်ဆောက်ရာ၌ အဆင့် ၅ ဆင့် ပါဝင်ပြီး ၎င်းတို့ ရရှိသည့် မှတ်တမ်းများအရ အဆင့် ၂ ဆင့် ပြီးမြောက်နေပြီဟု သိရကြောင်း၊ CPI ကုမ္ပဏီက နောက်ဆုတ်ပေးရန် အလားအလာမရှိကြောင်း သူက ရှင်းပြသည်။

မြန်မာပြည်မှ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ဦးအုန်းကလည်း CPI ကုမ္ပဏီ၏ အစီရင်ခံစာကို ရေးသား ထုတ်ပြန်သူများသည် ပညာရှင် အစစ်အမှန်များ မဟုတ်ဘဲ ကုမ္ပဏီ ကိုယ်စားပြုသူများသာ ဖြစ်သည့်အတွက် ထိုသို့ တာဝန်မဲ့ စကားပြောဆိုခြင်း ဖြစ်သည်ဟု သုံးသပ်လိုက်သည်။

“မြစ်ဆုံတ၀ိုက်မှာ ရှားပါးမျိုးစိတ် ရာချီရှိတယ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှု ပမာဏများတယ်၊ ဒါ့အပြင် တရုတ်(နိုင်ငံ)ရဲ့လုပ်ရပ်ဟာ မြန်မာတွေရဲ့ ယဉ်ကျေးမှု၊ ရိုးရာဒေသ ဓလေ့တွေပါ စော်ကားတဲ့ သဘောပါပဲ၊ ကျနော် နောက်ဆုံးပြောချင်တာကတော့ မြစ်ဆုံတ၀ိုက်ကို တရုတ်တပြည်လုံးနဲ့ မလဲနိုင်ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ဦးအုန်းက ဧရာဝတီကို ပြောသည်။

မြစ်ဆုံစီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးနိုင်မည့်ပမာဏ ကြီးမားသည်ဟု တရုတ်ပညာရှင် အစစ်အမှန်များက လေ့လာ သုံးသပ်ထားပြီးဖြစ်ကြောင်း ဦးအုန်းက ဆက်လက် ရှင်းပြသည်။

တရုတ်နိုင်ငံခြားရေးဌာန၏ တုံ့ပြန်ချက် စနေနေ့တွင် ထွက်ပေါ်လာသော်လည်း သမ္မတဦးသိန်းစိန်၏ အကြံပေးတဦးဖြစ်သူ ဒေါက်တာနေဇင်လတ်ကမူ နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်ဖွယ်မရှိဟု ဆိုသည်။

စီမံကိန်းနှင့်ပတ်သက်၍ နှစ်နိုင်ငံအစိုးရအကြား လုပ်ထုံးလုပ်နည်းအရ ဆွေးနွေးမှုများရှိကြောင်း၊ ရေရှည်အရ ကောင်းသည့်ဘက်ကိုသာ ဦးတည်မည် ဖြစ်ကြောင်း၊ တရုတ်ကုမ္ပဏီများ နှင့် မြန်မာအစိုးရကြား ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဒေါက်တာနေဇင်လတ်က ဘီဘီစီ သတင်းဌာနကို ပြောသည်။

သမ္မတဦးသိန်းစိန်ကလည်း စီမံကိန်းကို လက်ရှိအစိုးရသက်တမ်းတွင် ဆိုင်းငံ့ထားမည်ဟုသာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အစိုးရအဖွဲ့ဆိုတာက တဖွဲ့နဲ့တဖွဲ့က မူဝါဒတွေ မတူပါဘူး၊ ဒီတော့ နောက်လာမယ့် အစိုးရက ဆက်လုပ်မယ် မလုပ်ဘူး ဆိုတာတော့ မသိပါဘူး” ဟူသော ဒေါက်တာနေဇင်လတ်၏ ပြောဆိုချက်ကို ဘီဘီစီမြန်မာပိုင်းက ယနေ့ နံနက်ပိုင်းတွင် ထုတ်လွှင့်သွားသည်။

တရုတ်အစိုးရသည် ၎င်းတို့၏ စွမ်းအင်လိုအပ်မှုအတွက် မြန်မာနိုင်ငံတွင် ရေအား လျှပ်စစ်စီမံကိန်းများ စီစဉ်နေရုံသာမက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ကဲ့သို့သော စီမံကိန်းကြီးများကို ဒေါ်လာ ဘီလီယံ ဆယ်ချီ၍ ရင်းနှီးမြှုပ်နှံထားသည်။

တရုတ်နိုင်ငံသည် စွမ်းအင်လိုအပ်ချက် ၈၀ ရာခိုင်နှုန်းကျော်အတွက် အရှေ့အလယ်ပိုင်းဒေသမှ ရေနံကို ပင်လယ်ဓားပြ ထူထပ်သည့် မလက္ကာရေလက်ကြားကို ဖြတ်ကာ တင်သွင်းနေရသည့် ကုန်ကျစရိတ် များသည့်အပြင် စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် ကြုံတွေ့နေရသည်။

ကျောက်ဖြူဆိပ်ကမ်းစီမံကိန်းပြီးစီးသွားပါက မလက္ကာရေလက်ကြားကို ဖြတ်ရန် မလိုတော့ဘဲ ရေနံကို ကျောက်ဖြူ ဆိပ်ကမ်း ကြားခံထား၍ တင်သွင်းနိုင်မည်ဖြစ်သည်။ ထို့အပြင် ရခိုင်ကမ်းလွန်ဒေသမှ သဘာဝဓာတ်ငွေ့ အများအပြား ကိုလည်း တရုတ်နိုင်ငံက နှစ် ၃၀ ထုတ်ယူရန် မြန်မာအစိုးရနှင့် စာချုပ် ချုပ်ထားပြီးဖြစ်သည်။

ကျောက်ဖြူစီမံကိန်းသည် တရုတ်နှင့်မြန်မာအစိုးရတို့ အတွက် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး မဟာဗျူဟာကျသည့် စီမံကိန်းဖြစ်သည့်အပြင် သဘာဝဓာတ်ငွေ့စီမံကိန်း၊ အမြန်ရထားလမ်း စီမံကိန်းတို့သည်လည်း နှစ်နိုင်ငံ အစိုးရ၏ အကျိုးစီးပွားအတွက် အရေးပါသည်ဟု ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု ဆန့်ကျင်ရေးအဖွဲ့ တာဝန်ခံ ကိုဝင်းအောင်က ဧရာဝတီကို ပြောသည်။

ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ဆက်စပ်နေသော ရေနံသိုလှောင်ရုံ၊ သဘာဓာတ်ငွေ့သိုလှောင်ကန်၊ ဓာတ်ငွေ့သန့်စင်စက်ရုံ စသည့် ဓာတုစက်ရုံများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု၊ ဒေသခံတို့၏ ထိခိုက်နစ်နာမှုများ ကြီးမားသော် လည်း ထိုကိစ္စကို ပြည်သူများ သိခွင့် မရကြောင်း ကိုဝင်းအောင်က ဆိုသည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း စာချုပ်အရ စီမံကိန်းမှ ထွက်သည့် သဘာဝဓာတ်ငွေ့အားလုံးကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဟု သိရသည်။

ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့ ၁၀၀ မီလျံကုဗမီတာအား အစိုးရ၏ လုပ်ငန်းများ၊ အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများ အတွက် အသုံးပြုသွားရန်ရှိကြောင်း ကိုဝင်းအောင်က ပြောသည်။
http://www.bur.irrawaddy.org/index.php/news/7476-2011-10-03-12-02-06

china angry for myitsone

ရခိုင်က ထွက်သော သဘာဝဓါတ်ငွေ့ ရခိုင်ပြည်နယ်တွင် သုံးစွဲရန် အစီအစဉ်မရှိဟု စွမ်းအင်ဝန်ကြီး ပြောဆိုချက်အပေါ် ရခိုင်ခေါင်းဆောင် တချို့၏ တုန့်ပြန်မူများ

မောင်ရမ္မာ စုစည်း တင်ပြသည်။
----------------------------------
ကျောက်ဖြူမြို့နယ် ပြည်သူ့လွတ်တော်အမတ် ဦးဘရှင်က ကျောက်ဖြူမြို့ မြောက်ဖက် ၂၅ မိုင်အကွာ တွင်ရှိသော "ရွှေ" သဘာဝဓါတ်ငွေ့သိုက်မှ ရရှိလာသော သဘာဝဓါတ်ငွေ့များကို အသုံး ပြုပြီး ကျောက်ဖြူမြို့ အတွက် လျှပ်စစ် ဓါတ်အား ဖြန့်ဝေပေးရန် အစီအစဉ် ရှိမရှိ စက်တဘာင်္လ ၂၇ ရက်နေ့က ကျင်းပခဲ့သော ပြည်သူ့လွတ်တော်တွင် မေးမြန်းခဲ့ပါသည်။ အဆိုပါ မေးမြန်းချက်ကို စွမ်းအင် ၀န်ကြီး ဦးသန်းဌေး ဖြေကြားရာတွင် ရွေသဘာဝ ဓါတ်ငွေ့သိုက်က ရရှိလာသော သဘာဝ ဓါတ်ငွေ့များကို မြန်မာ-တရုတ် သဘာဝဓါတ်ငွေ့ပိုက်လိုင်းက တဆင့် တရုတ်ပြည်ကို တင်ပို့သွားရန် ဖြစ်ကြောင်းနှင့် တရုတ်-မြန်မာ ချုပ်ဆိုထားသောစာချုပ်ကို ဆန့်ကျင်ပြီး ဓါတ်ငွေ့များကို အသုံးပြု၍ မရဟု ဖြေကြားသွားခဲ့ပါသည်။

Hakuryu
ယခုကဲ့သို့ စွမ်းအင်ဝန်င်္ကြီး ဦးသန်းဌေးမှ ရခိုင်ကမ်းလွန်မှ ထွက်သော ဂတ်စ်ကို ရခိုင်ပြည်နယ်တွင် တစုံတရာ အသုံးပြုရန် အစီအစဉ် မရှိကြောင်း ဖြေကြားသွားသည့် အပေါ် လက်လှမ်း မှီသလောက် ရခိုင် ခေါင်းဆောင်များနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ဦးအေးသာအောင်
ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
အတွင်းရေးမှူး CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီ

U-Aye-Tha-Aung-CRPP
"ရခိုင်ပြည်ကထွက်တဲ့ဂတ်စ်ဟာ ရခိုင်ပြည်မှာ သုံးဖို့မဟုတ်ဘူး ဆိုတဲ့စကားဟာ ရခိုင်ပြည်သူတွေကို အလွန် စော်ကားရာ ရောက်ပါတယ်။ ထိခိုက်နစ်နာအောင် ပြောတဲ့စကားလို့ တိုတို တုတ်တုတ်နဲ့ ပြောချင်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်မှာ ထွက်လာတဲ့ သယံဇာ ပစ္စည်း အားလုံးဟာ ရခိုင်ပြည်နယ်သားတွေ အဓိက ပိုင်ဆိုင်တယ်။ ရခိုင်ပြည်နယ်က ထွက်လာသမျှ ဂတ်စ်ဘဲ ဖြစ်ဖြစ်၊ ရေနံဘဲဖြစ်ဖြစ်၊ တခြား သစ်တော၊ ငါးပုဇွန် ထွက်လာသမျှရဲ့ သယံဇာတ ပစ္စည်းရဲ့ တန်ဖိုး ဟာ ရခိုင်ပြည်က ပိုင်ဆိုင်တာ ဖြစ်တယ်။ ရခိုင်ပြည်ဟာ အမှန် တကယ် ပြည်ထောင်စု ထဲမှာ ရှိနေတဲ့ ပြည်နယ် တစ်ခု ဖြစ်တယ် ဆိုလို့ ရှိရင် ဒီထွက်လာတဲ့ ပစ္စည်းရဲ့ အချိုးကျကိုတော့ ရခိုင်ပြည်နယ်က ခံစားခွင့် ရှိတယ်။ အဲဒါကြောင့် ဒီလို ရခိုင်ပြည်ကထွက်တဲ့ ဂတ်စ်ဟာ ရခိုင်ပြည်မှာ အသုံးပြုရန် အစီအစဉ်မရှိလို့ ပြောတဲ့ ဟာသည် ရခိုင်ပြည်သူတွေ ကို စော်ကားလိုက်တဲ့ စကားလို့ဘဲ ကျွန်တော် မြင်ပါတယ်။"

-------------------------------------------------------------------

ဒေါက်တာအေးကျော်
(အမေရိကန်နိုင်ငံ)

DrAyeKyaw
" ရခိုင်ပြည်ကထွက်တဲ့ ဂတ်စ်တွေ၊ သယံဇာတပစ္စည်းတွေဟာ ရခိုင်ပြည်သူပြည်သားအားလုံးရဲ့ အကျိုးတရားကို အခြေခံထားရမယ်။ ရခိုင်ပြည်ကထွက်တဲ့ ဟူသမျှဟာ အဲဒီလို ခံစားခွင့် မရတဲ့ အတွက်ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံ အဆင့် မဖြစ်လာဘဲ ဖြစ်နေတာ ဖြစ်ပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ပြောနေတာဟာလည်းဘဲ အတု အယောင် ပြည်ထောင်စု မြန်မာနိုင်ငံသာ ဖြစ်နေတယ်။ အဲဒါကြောင့် ရခိုင်ပြည်က ရတဲ့ ဂက်စ်၊ ရခိုင်ပြည်က ရတဲ့ ကျွန်းသစ်၊ ပျဉ်းကတိုးတွေကို ရခိုင်ပြည်သူ ပြည်သားတွေကို ထိုက်သင့် အားလျော်စွာ အကျိုးခံစားခွင့်ရအောင် လုပ်ပေးရမယ်။ ဒါက ရခိုင်ပြည် တခုတည်းကို ပြောတာ မဟုတ်ဘူး။ တခြားပြည်နယ်တွေမှာလည်း ဒီအတိုင်း မူအရကျင့်ရမယ်။ ဒါမှ ကျွန်တော်တို့နိုင်ငံဟာ တကယ့် စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်လာနိုင်မယ် ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ပြည်ထောင်စု အစစ်အမှန် မဖြစ်ဘဲနဲ့ အတုအယောင် ပြည်ထောင်စုစနစ်မှာဘဲ ကျွန်တော်တို့ ရပ်တည်နေရဖို့ဘဲ ရှိပါတယ်။"

-------------------------------------------------------------------

ဒေါက်တာ ခင်မောင်
NUPA ဥက္ကဌ
ရခိုင်ပြည်အမျိုးသား ကောင်စီ ANC ဒုဥက္ကဌ (၁)
Dr.Khine-Maung-NUPA
" ၀န်ကြီးပြောသွားတာက ရခိုင်ပြည်ရဲ့ ရေထု၊ မြေထု၊ လေထု၊ သဘာဝ စွမ်းအင်အားလုံးဟာ သူတို့ရဲ့ လက် အောက်မှာရှိတယ်ဆိုပြီး ရခိုင်ပြည်အပေါ်မှာ ကျင့်သုံးတဲ့ပေါ်လစီကို ပွင့်ပွင့်လင်းလင်း၊ ပြတ်ပြတ်သားသား ပြောသွားတာ ဖြစ်ပါတယ်။ အမှန်က ဒီ ပိုင်ဆိုင်မှုတွေဟာ ရခိုင်ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုသာ ဖြစ်တယ်။ ဒါပေမယ့် ရခိုင်ပြည်သူတွေမှာ မိမိကိုယ်ကို မိမိ ဆုံးဖြတ် ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့် အာဏာမရှိတဲ့ အတွက် မိမိတို့ ပိုင်ဆိုင်တဲ့ သယံဇာတတွေကို မိမိတို့ သုံးစွဲပိုင်ခွင့်မရှိ ဆိုတာကို ပြသလိုက်တာဖြစ်တယ်။ ဒါကြောင့် လက်ရှိ အစိုးရကနေပြီးတော့ ရခိုင်ပြည်ကထွက်တဲ့ သယံဇာတ တွေကို ရခိုင်ပြည်သူတွေရဲ့ အကျိုးစီးပွားကို မကြည့် ဘဲနဲ့ သူတို့ရဲ့ အကျိုးစီးပွားအတွက် သူတို့ လုပ်ချင်သလို လုပ်လို့ရတဲ့ သဘောနဲ့ စွမ်းအင်ဝန်ကြီးက ထုတ်ဖေါ် ပြောကြားလိုက်တာ ဖြစ်တယ်လို့ ကျွန်တော် မြင်ပါတယ်။"

-------------------------------------------------------------------

ဒေါ်စောမြရာဇာလင်း
ဥက္ကဌ ( ရခိုင်အမျိုးသမီးများအစည်းအရုံး)

Soe-Mrarazar-Lunn
" ရခိုင်ပြည်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်မှာ သုံးစွဲဖို့အစီအစဉ်မရှိဆိုတာကို ကျွန်မအမြင်နဲ့ ပြောရမယ်ဆိုရင် ရခိုင်ပြည်သူလူထုတရပ်လုံးကို ရက်ရက်စက်စက် စော်ကား လိုက်တာဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီဂတ်စ်ကို ရခိုင်ပြည်ကပိုင်ပါတယ်။ အဲဒီအတွက်ကြောင့် ရခိုင် ပြည်သူလူထုတရပ်လုံးပိုင်တဲ့ ရေနံနဲ့သဘ၀ဓါတ်ငွေ့တွေကို ရခိုင်ပြည်မှာ အသုံးပြုရမယ်။ အခုလို ဒီမိုကရေစီက ခြေလှမ်းစနေတဲ့ အစိုးရက ဒီလိုပြောလိုက်ခြင်းသည်ပင်လျှင် ရခိုင်ပြည်သူ တရပ်လုံးကို စော်ကားလိုက်တာဖြစ်ပါတယ်။ ရခိုင်ပြည်သူလူထု တရပ်လုံးအနေနဲ့ ထိထိရောက်ရောက် ကန့်ကွက်သင့်ပါတယ်။ ရခိုင်ပြည်သူတရပ်လုံးနဲ့ ရခိုင်ပြည်နယ် အကျိုးစီးပွား အတွက် အားလုံးသော ရခိုင်ပြည်သူ တရပ်လုံးဟာ မဏ္ဍိုင်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်ပြီးတော့ ရခိုင်ပြည်ရဲ့ အကျိုးကို ထိထိရောက်ရောက် ကာကွယ်သင့်တယ်လို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။"

-------------------------------------------------------------------

ကိုထွန်းဇော်
တွဲဘက်အထွေထွေအတွင်းရေးမှူး ( ၁)
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များကွန်ကရက်

Tun-Zaw-AASYC
"ကျွန်တော်မြင်တာကတော့ ရခိုင်ပြည်ကထွက်တဲ့ စွမ်းအင်ကို ရခိုင်ပြည်သူလူထုတွေနဲ့ တတိုင်း ပြည်လုံးမှာ ရှိတဲ့ စွမ်းအင်လိုအပ်တဲ့ နေရာတွေမှာ မဖြည့်ဆည်းဘဲနဲ့ ပြည်ပကို အားလုံး ရောင်းချ ပစ်တာကတော့ ပြည်သူလူထုဆန္ဒကို မလေးစားလို့မြင်ပါတယ်။ သူတို့ပြောတာက ပြည်သူလူထုရဲ့ အသံကိုနားထောင်ဖို့၊ ပြည်သူကိုလေးစားတဲ့ ဒီမိုကရေစီအစိုးရဆိုပြီး ကြွေးကြော်နေတာဟာ အခု ဒီအချက်ကနေပြီးတော့ ဒီမိုကရေစီအစိုးရမဟုတ်၊ ပြည်သူတွေအသံကို နားမထောင်ဆိုတာကို ဖေါ်ပြလိုက်တယ်လို့ဘဲ ကျွန်တော် မြင်ပါတယ်။"
-------------------------------------------------------------------

ကိုဝင်းအောင်
ရွှေဂတ်စ်လှုပ်ရှားမှုတာဝန်ခံ

Wong-Aung-SGM
" ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းမှာ ကုမ္ပဏီတွေအနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ကျန်းမာရေးဘဲ ဖြစ်ဖြစ်၊ ပညာ ရေးဘဲဖြစ်ဖြစ်၊ ဆေးခန်းတွေ၊ စာသင်ကျောင်းတွေလုပ်ပေးတာကို အများကြီး ကြိုဆိုလက်ခံပါတယ်။ ဒါပေမယ့် ရခိုင် ပြည်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ဟာ ဘီလီယံ ထောင်နဲ့ ချီပြီး တန်ဖိုးရှိပါတယ်။ အဲဒီအထဲက ဒေသခံ တွေ အတွက် မလုပ်မဖြစ်တဲ့ ကျောင်းတွေ၊ ဆရာဝန်မရှိ၊ ဆေးမရှိတဲ့ ဆေးခန်းတွေဆောက်ပေးရုံနဲ့ ကျွန် တော်တို့ ကျေနပ်ရောင့်ရဲလို့မရပါ။ သူတို့ ပံ့ပိုး နေတာကလည်း တကယ့်လက်တွေ့မှ အလုပ်မဖြစ်ပါ။ ရွှေဂတ်စ် စီမံကိန်းကြောင့် ရခိုင်ပြည်သူများမှာ ဘိုးဘွားပိုင် လယ်ယာမြေများဆုံးရှုံးပြီး လယ်မဲ့ယာမဲ့ဘ၀ကိုသာ ရောက်သွားခဲ့ရတယ်။ ဘိုးစဉ် ဘောင်ဆက် သားစဉ်မြေးဆက် လုပ်ကိုင်စားသောက်လာကြတဲ့လယ်မြေတွေကို အသိမ်းခံရတာ ရှိပါတယ်။ လယ်လုပ်တဲ့သူတွေမှာ ဘာတခုမှ ငြင်းပယ်နိုင်ခွင့်မရှိပါ။ အစိုးရကဖြစ်ဖြစ်၊ ကုမ္ပဏီက ဖြစ်ဖြစ် သူတို့တောင်းတဲ့လယ်ယာမြေတွေကို သူတို့ပေးတဲ့ငွေနဲ့ရောင်းစားနေကြရတယ်။ အဲဒီ ဒေသမှာရှိတဲ့ ပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့်အရေး ဖြစ်ဖြစ်၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ မီးဖြစ်ဖြစ်၊ ရေဖြစ်ဖြစ်၊ ဂတ်စ်ဖြစ်ဖြစ် ဘာတခုမှ ကျန်မှာမဟုတ်ပါ။ ဒီကထွက်တဲ့ဂတ်စ် တချို့တ၀က်ကို အစိုးရနဲ့ ဆက်စပ်တဲ့ စီးပွားရေး သမားတွေရဲ့ စက်ရုံအလုပ်ရုံကို ပံ့ပိုးမှာဖြစ်ပြီးတော့ ကျန်တာတွေကို တရုတ်ကိုရောင်းဖို့ ဖြစ်ပါတယ်။ ဒေသခံတွေမှာတော့ ဘိုးဘွားစဉ်ဆက်ပိုင် လယ်ယာမြေတွေ အပါအ၀င် လုပ်ကိုင်စား သောက်တဲ့ အခွင့်အလမ်းတွေ ပျက်သွားရတယ်။ အလုပ်လက်မဲ့ ဖြစ်သွားရတဲ့အပြင် လူမျိုးရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ တွေ ပျောက်ကွယ်သွားဖို့ အခြေအနေဘဲ ရှိပါတယ်။"

-------------------------------------------------------------------

ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း အကျဉ်း

"ရွှေ" သဘာဝဓါတ်ငွေ့ စီမံကိန်းကို မြန်မာ စွမ်းအင်ဝန်ကြီးဌာနနှင့် Daewoo International Corporation ကုမ္ပဏီက ရခိုင်ကမ်းလွန်ဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရှာဖွေရေး လုပ်ငန်းများကို လုပ်ကိုင် ခဲ့ရာမှ စီးပွားဖြစ်သဘာဝဓာတ်ငွေ့သိုက် "ရွှေ" ကို ၂၀ဝ၄ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ယခုကဲ့သို့ ထုတ်ယူ သုံးစွဲနိုင်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။

အဆိုပါ သဘာဝဓါတ်ငွေ့စီမံကိန်းမှ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၉၀၀ ကျော်ရရှိဖို့ဖြစ်ပါပြီး အဆိုပါ ၀င်ငွေများထဲမှ တချို့တ၀က်ကို ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေးအတွက် သုံးစွဲသင့်ကြောင်း ရခိုင်အမျိုးသား များက ယုံကြည်နေကြသည့်အချိန်တွင် ယခုကဲ့သို့ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ရခိုင်ပြည်မှ ထွက်သော သဘာဝဓါတ်ငွေ့ကို ရခိုင်ပြည်အတွက်အသုံးစွဲရန် အစီအစဉ်မရှိဟု ပြောဆို လိုက်သည့်အပေါ် ရခိုင်ပြည်သူများ အထူး မကျေနပ်မှုများ တိုးပွားနေကြသည်ဟု သိရသည်။



နိရဉ္စရာ http://www.narinjara.com/detailsbur.asp?id=3518

Sunday 2 October 2011

KIA/Oနှင့် အစိုးရတိုက်ပွဲအတွင်းမှာရိုက်ကူးထားသော (ရုပ်/သံ)





KIA/O Padang Lu SumLa Hkrung from Shanghtin on Vimeo.

သူခိုးလက်သူဝှက်လု

သူခိုးလက်သူဝှက်လု

ဒီမိုကရေစီအင်အားစုများအတွင်း အိမ်တွင်းသန့်ရှင်းရေး(Our Own House cleaning) လိုအပ်နေပြီဖြစ်ကြောင်း DVB ၏ အတွင်းရေးအကျင့်ပျက်မှုကြီးကမီးမောင်းထိုးပြနေပါသည်။ အမှန်တော့သူဝှက်ကြီးဟန်ညောင်ဝေ၊ ခင်မောင်ဝင်းတို့က သူခိုးလေး များကို လက်ညှိုးထိုးနံမည်ကောင်းယူပြီးဂုဏ်သရေရှိရှိဆက်ခိုးကြဘို့သာရှိပေသည်။
မြန်မာ့ဒီမိုကရေစီတော်လှန်ရေးသည်တော်လှန်ရေးကိုဘန်းပြလုပ်စားနေသူများအတွက် “ဂွင် ကြီး” ပင်ဖြစ်သည်။ ဟန်းညောင်ဝေသည် NCGUB စင်တော်မှကောက်တင်လိုက်သဖြင့်အရှင်မွေးနေ့ခြင်းကြီးဆိုသလိုဥရောပတခုလုံးဆိုင်ရာ နာဂုတ်ကိုယ်စားလှယ်ဘဝဖြင့် proposal တင်ပြီး NCGUB နှင့်ယူရို သန်းပေါင်းများစွာကိုဝေစားမျှစားလုပ်စားနေခဲ့သော် လည်းယ္ခုပြောနေသည့် Transparency ဆိုသည့်စကားထိုအချိန်ကမကြားခဲ့ရချေ။ ဥရောပတခုလုံးဆိုင်ရာ နာဂုတ်ကိုယ်စား လှယ်ဘဝဖြင့်သူ၏သားသမီးများကိုအလွန်ဈေးကြီးသော Switzerland နိုင်ငံတွင်ကျောင်းထားနိုင်ခဲ့သည်။ နောက်ပိုင်း ကျေးဇူး ရှင်နာဂုတ်ကြီးကိုသစ္စာဖေါက် ၍ ဥရောပထောက်ပံ့ငွေဖြင့် တိုင်းရင်းသားလူမျိုးစုများကောင်စီ Ethnic Nationalities Council (ENC) ကိုဦးစီး ခေါင်း ဆောင်လုပ်ပြီးဗမာနှင့်တိုင်းရင်းသားများကိုသွေးခွဲ၍ခေါင်းဆောင်လုပ် ရန်အတင့်ရဲစွာကြိုးစားလာခဲ့ပြီး NCGUB နှင့်လမ်း ခွဲသွားခဲ့ပြန်သည်။
သို့ရာတွင် နိုင်ငံခြားငွေထောက်ပံ့သူများကိုစံနစ်တကျစာရင်းလိမ်ပြနိုင်မှုကြောင့် (ဘယ်လောက်ရတယ်၊ ဘယ်လိုသုံး စွဲတယ်ဆိုတာမြန်မာပြည်သားတွေ ကိုတော့ချမပြရဲဘူး၊ ပေါ်ကုန်မှာစိုးလို့။ ဒီနေရာမှာမှတ်သားလောက်စရာ NCGUB ခေါင်းရှောင်ကြီးဦးစိန်ဝင်းပြောကြားခဲ့တဲ့ သမိုင်းဝင်စကားလေးကိုမျှဝေပါရစေ။ ဦးစိန်ဝင်းကိုငွေဘယ်လောက်ရ သလဲ ဘယ်လိုသုံးစွဲသလဲ လို့မေးတဲ့အခါ ဒေါသနဲ့ မေးတဲလူငယ်ကို “ မင်းတို့ကိုဘာ လို့ပြောရ မှာလဲ၊ မင်းတို့က ငါ့ကို အခွန် ပေးနေလို့လား? အစိုးရဆိုတာအခွန်ပေးတဲ့သူကို ဘဲရှင်းပြတယ်ကွ၊ ငါတို့ကို ပိုက် ဆံပေးတဲ့NGO တွေကို ဘဲရှင်းပြ နိုင်မယ်” ဟုကျွန်တော့ ရှေ့တွင်ပြောခဲ့ဘူးသဖြင့်တအံ့တသြ နားထောင်ခဲ့ရဘူးသည်။) ဟန်ညောင်ဝေသည်ဆက် လက်ထောက်ပံ့ငွေများရရှိခဲ့သော်လည်း NCGUB မှာမူဘာတိုးတက်မှုမှမပြနိုင်ဘဲဝင်ငွေများ ကျဆင်းသွားခဲ့ သည်။ စားဘို့လေး ကိုပေးနေသေးသဖြင့်နာဂုတ်အဖွဲ့ကိုအလုပ်မဖြစ်သော်လည်း မဖြုတ်ဘဲမှေးစား နေ ဆဲပါ။

တဖက်တွင်လည်းဟန်ညောင် သည် ENC ကိုတည်ထောင်၍တိုင်းရင်းသားတော်လှန်ရေးသမားများကိုဆွဲစား ခြင်းဖြင့်တစင်ထောင်ပြီးယူရိုငွေကိုဖေါဖေါသီသီ သုံးရင်းတိုင်းရင်းသားခေါင်းဆောင်များ၏နောက်ကွယ်မှစီမံခန့်ခွဲသူဖြစ်လာခဲ့သည်။ အီးယူEuropean Union ရှိအစိုး ရများက အလျော့ပေးပူးပေါင်းခြင်းအတွေးအခေါ် (compromise) ကိုပြော လာ သောအခါ စီးပွါးရေးပိတ်ဆို့မှု (sanction) ကို တောက်လျှောက် အော် လာသောဟန်ညောင်ဝေကနအဖကို ဆန့်ကျင် နေခြင်းမှစီးပွါးရေးဖွင့်ပေးဘို့လိုတယ်ဆိုပြီးပြောင်းလဲအော်ခါ နေဝင်းမောင် ၊ ခင်ဇော်ဝင်း၊ပြည်တွင်းအင်ဂျီအိုတွေဖိတ်ပြီး စားကွက်ကိုထွင်လိုက်ပြန်ပါတယ်။ အော် အခုတခါ DVB ရဲ့ယာယီဦးဆောင်ညွှန်ကြား ရေးမှူးတာဝန်ယူလိုက်ရတော့ “တာတီးတို့ဗိုက်ခွေးနမ်းတဲ့ကိန်းဆိုက်ပြန်ပြီပေါ့” ။ DVB မှာသူနဲ့စည်းဝါးကိုက် လို့ရမယ့် သူတွေကို၊ ခင်မောင်ဝင်း လူမွေးသလို ထည့်သွင်းလာတာမြင်ရအုံးမယ်၊ အဓိကမဲဆောက်ရုံးကလူတွေကိုဖြုတ်ဖို့လုပ်ပြီးရင်၊ အဲဒီလူတွေရဲ့ နေရာမှာ ဟန်ညောင်ဝေနဲ့ သဟဇာတဖြစ်တဲ့ တိုင်းရင်းသားတွေပါလာဖို့ များတယ်။
DVB ကို NCGUB က မင်းသမီး စခန်းမှရဲဘော် ခင်မောင်ဝင်းကို ဒုတိယ အုပ်ချုပ်ရေးမူးခန့် ပြီးတော့ လွှတ်လိုက်တဲ့အခါ ခင်မောင်ဝင်းက သူနဲ့ဆွေမျိုးနီးစပ်တော်တဲ့လူတွေကို စိတ်ကြိုက်ဆွဲ့ ခန့် ခဲ့တဲ့အတွက် DVB အသံလွှင့် ဋ္ဌာနဟာ ဗမာစကား မပီကလာပီကလာ ပြောတတ်တဲ့ လူတွေရဲ့ အသံလွှမ်းနေခဲ့တယ် ဗမာလိုပီပီသသ ပြောနိုင်တဲ့လူတွေ ကိုမရွေးပဲ ခင်မောင်ဝင်းရဲ့ ဂိုဏ်းဂဏတည်ထောင်မှုကြောင့်ပြည်တွင်းပြည်ပကနေ DVB မှာဗမာလိုပီအောင်ပြောတတ်တဲ့ လူမရှိတော့ ဘူး လားဟုလှောင်ပြောင်ခြင်းကိုခံခဲ့ရတယ်။DVB ဟာအဲဒီကထဲကစည်းကမ်းတကျ အရည်အချင်း ရှိသူတွေနဲ့မဖွဲ့စည်း ဘဲနီးစပ်ရာဆွဲခန့်၊ BBC, VOA, RFA တို့လိုအရည်အချင်းစစ်တာ၊ အသံစစ်တာ၊ပညာအရည်အချင်းစစ်တာ တွေမရှိ ဘဲ ငါ့စကားနားထောင် မဲ့ငါ့လူဖြစ်ဘို့ကအဓိကဖြစ်နေခဲ့တယ်။ ပင်တိုင်ဆောင်းပါးရှင် နိုင်ငံကျော် စာရေးဆရာကြီး( ကြေး မုံဦးသောင်း)က ညွန့်ပေါင်းအစိုးရကို ဝေဖန်တဲ့အတွက် ဆရာကြီးကို လွတ်လပ်တဲ့ ဒီမိုကရက်တစ် မြန်မာ့ အသံလို့ ခံယူထားတဲ့ DVBက ဆင်ဆာလုပ်ပြီးအသံလွှင့်ခွှင့်ပိတ်လိုက်တယ်။ ဒီအကြောင်းကို ဆရာကြီးကိုယ်တိုင် ကျနော့်ကို ရင်ဖွင့်ခဲ့တာပါ၊ ဒါကို ဖလော်ရီဒါမှာ အခုရှိနေတဲ့ ဆရာကြီးရဲ့ ဇနီးဖြစ်သူကိုလည်းမေးကြည့်နိုင်ပါတယ်။
ခင်မောင်ဝင်းဟာ A.B.S.D.F ဒုတိယ အကြိမ်ညီလာခံမှာ ပြန်ကြားရေး ဋ္ဌာနအတွင်းရေးမှုးအဖြစ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်ပါလာတယ်။ ညီလာခံအပြီးမှာ ၊ ညီလာခံမှတ်တမ်းမှတ်ရာ၊ဓါတ်ပုံ၊ အသံဖမ်းတိပ်ခွေများ၊ ဗဟိုကော် မတီဟောင်းမှလွှဲပြောင်း သောမှတ် တမ်းလက်ခံများကို သေတ္တာ တစ်ခုတွင် သိမ်းဆည်းရင်း “ဒီဟာတွေက ၊ ရွှေတွေဗျ၊ ရွှေတွေ တချိန်ကျရင် ရွှေဖြစ်မှာ” လို့ ဝမ်းသာအားရ ကြွေးကြော်ခဲ့ဘူးတယ် (တနေ့ဒါတွေကိုရောင်းစားရင်ဖြစ်ဖြစ်ထုတ်ဝေရင်ဖြစ်ဖြစ်ငွေအမြောက်အများရနိုင်မယ်ဆိုတဲ့သဘောပေါ့)။
ခင်မောင်ဝင်းဟာ ABSDF ပြန်ကြားရေးတာဝန်ခံအဖြစ် ဘာတခုမှ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပဲ (မင်းကြီး)အောင်သန်း (ကွယ်လွန်)အကူအညီနဲ့ ကျနော်ရေးသားတဲ့ ဖိလစ်ပိုင်ရွေးကောက်ပွဲ၊ နီကာရာဂွါရွေးကောက်ပွဲ၊ အာဏာရှင်၏ နောက်ဆုံး နေ့များ ဆောင်းပါးသုံးပုဒ်ကို ထုတ်ဖို့တောင်းလို့ရတဲ့ ကူငွေနဲ့ ABSDF ပြန်ကြားရေးဌာနမှ ထုတ်ဝေသည်ဟု အမည်တပ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင် ပြည်တွင်းကို ရွေးကောက်ပွဲအကြိုအဖြစ် ထုတ်ဝေဖြန့်ဖြူးခဲ့တာကို ABSDF ဗဟိုကော်မီတီ အစည်းအဝေးမှာ ပြန်ကြားရေး ဌာန နာမည်ခံထားတဲ့အတွက် သူလုပ်တာပါလို့ကျွန်တော့ရှေ့မှာ မျက်နှာပြောင်တိုက် ပြောရဲခဲ့သူဖြစ်တယ်။

ခင်မောင်ဝင်းရဲ့မသမာမှုက သူရဲ့ရဲဘော်ရဲဘက်တစခန်းထဲမှာ နေခဲ့တဲ့စာရေးအားကောင်း၊ လေ့လာ အား လဲ ကောင်းတဲ့ ထက်အောင်ကျော်(ဝင်းထိန်) ကိုDVB ကနေဘတ်ဂျက်နဲတာကိုအကြောင်းပြပြီးဖြုတ်ပြစ်လိုက် တာဘဲဖြစ်တယ်၊ ရှားရှားပါးပါးတော်လှန်ရေးထဲကအင်္ဂလိပ်၊ မြန်မာနှစ်ဘာသာလုံးနဲ့ဆောင်းပါးတွေရေးနိုင်သားနိုင်တဲ့၊ ရေးသားနေတဲ့ သူကို ဘာ့ကြောင့်ထုတ်ပြစ်ရသလဲ?။ ခင်မောင်ဝင်းမှာဒီလိုအရည်အချင်းမရှိဘူး ၊ဆောင်းပါးမရေး နိုင်ဘူး ထားဝယ်သားချင်းအတူ တူသူမဟုတ်တာ လုပ် တာ ကိုသိနေလို့မပေါ်အောင်စောစောရှင်းလိုက်တာလား?။ မေးစရာရှိ တယ်။ တော်လို့အရည်အချင်း ရှိလို့ရောက်လာတာမဟုတ်ဘဲ NCGUB ကလူယုံအဖြစ်မွေးလိုက်လို့ နေ့ချင်းညချင်း အုပ်ချုပ် ရေးမှူးဖြစ်လာသူဖြစ်တယ်။
မိုးသီး နိုင်အောင် နှစ်ခြမ်းကွဲတဲ့အခါ နိုင်အောင်ဖက်မှာ ရပ်တည်ပြီး ကိုမိုးသီးကို အစွမ်းကုန် မုန်းတီးခဲ့သူ ဖြစ်တယ်။ ဒါကြောင့် DVB မှာ တွဲဘက် အုပ်ချုပ်ရေးမှူး ရာထူးရတော့ ကိုမိုးသီးကို ဆင်ဆာလုပ်ပြီး ပိတ်ပင်တားမြစ်ထား တယ်။ ABSDF မှာ တာဝန်ထမ်းဆောင်နေစဉ် ABSDF အပြင် မြန်မာနိုင်ငံရှေ့နေများကောင်စီ အဖွဲ့ဝင် အဖြစ်လည်း ပါဝင်ခဲ့ပြီး နှစ်ဘက်ခွ လုပ်စားနေခဲ့သူဖြစ်တယ်။ ဒါကြောင့် DVB မှာ ခင်မောင်ဝင်းရောက်ရှိသွား ခြင်းဟာ ကိုယ်ကျိုးစီးပွား ရှာဖို့အတွက် စားပေါက်ကြီးပွင့်သွားတာနဲ့ အတူတူပါပဲ။ DVB ကို ဦးစိန်ဝင်းနဲ့ ညှိပြီး သူ့လူ ခင်မောင်ဝင်းကို ပို့ခဲ့သူဟာ နကုတ်အဖွဲ့ကြီးက ဒေါက်တာသောင်းထွန်းဖြစ်တယ်။ ဒေါက်တာသောင်း ထွန်းဟာ ယခု ဗဟုအဖွဲ့ခေါင်းဆောင် ဒေါက်တာဇော်ဦးကိုလည်း NCGUB ရဲ့ အတွင်းလူအဖြစ် စည်းရုံးသိမ်း သွင်းပြီး ဘားမားဖန် (Burma Fund) ရဲ့ ဦးဆောင် ညွန်ကြားရေးမှူးရာထူးကို ပေးခဲ့တာလည်း ဒေါက်တာသောင်းထွန်းပဲဖြစ် တယ်။ ဒါဆိုရင် ဒီမိုကရေစီ အဝန်းအဝိုင်းထဲမှာ ဒေါက်တာသောင်းထွန်း ချယ်လှယ်ပြီး နေရာချထားပေးခဲ့သူတွေ ဟာ ဒီနေ့ ဒီချိန်မှာ ဘယ်လောက်ဖောက်ပြန်နေတဲ့ သူတွေဖြစ်တယ်ဆိုတာကိုမီးမောင်းထိုးပြနေပြီဖြစ်တယ်။

NCGUBဟာအတ္တကြီးကြီးနဲ့တကယ်စိတ်ဓါတ်ရှိသူတွေကို မရွေး ဘဲအရည်အချင်းမရှိတဲ့အနားပြာတွေကို အဟုတ်ထင်ရွေးလိုက်တဲ့အတွက် ပြည်ပတော်လှန်ရေးကြီးတခုလုံးကျဆုံးနေခဲ့တာ ဖြစ် တယ်ဆိုရင် မမှားဘူး။
DVB အကျင့်ပျက် ချစားမှုဟာ ထိပ်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အေးချမ်းနိုင်နဲ့ ခင်မောင်ဝင်းတို့မှာ တာဝန် ရှိသလို သူတို့ကို အာမခံပေးတဲ့ NCGUB နဲ့ ဒေါက်တာသောင်းထွန်းတို့မှာလည်း တာဝန်ရှိတယ်။ ဒါကြောင့် ဒီလူတွေအားလုံးဟာ ဒီမိုကရေစီအဝန်းအဝိုင်းကနေ ခေါင်းဆောင်မှု ယူထားခြင်းမှ နှုတ်ထွက်ပေးသင့်တယ် လို့မြင်တယ်။ ယာယီနှုတ်ထွက်ထားပြီး ပြန်လည်တာဝန်ပေးခြင်းမျိုး မရှိသင့်တော့ဘူး။ လူသစ်စိတ်သစ်နဲ့ တကယ်ရိုးသားဖြောင့်မတ် သူတွေကို DVB မှာ မြင်ရဘို့ လိုတယ်။
ဟန်ညောင်ဝေဟာလည်း DVB ရဲ့ ယာယီညွန် ကြားရေးမှူးတာဝန်နဲ့ ထိုက်တန် တဲ့လူမဟုတ်ဘူး။ သူ့ကိုယ်ကျိုးစီး ပွားအတွက် ဗမာနဲ့ တိုင်းရင်းသားတွေကို သွေးခွဲဖို့ ကြိုးစားနေတဲ့သူဖြစ်သလို ခံယူ ချက်မရှိဘဲ ပုတ်သင်ညို အရောင် ပြောင်းသလို မိမိစားပေါက်ရဘို့ကိုသာ အတ္တကြီးစွာ လုပ်ဆောင်နေတဲ့သူ ဖြစ်တဲ့အတွက် အားလုံးက စာရေးသားပြီး ဟန်ညောင်ဝေကို DVB ညွန် ကြားရေးမှူးအနေနဲ့ယာယီတောင် တာဝန်မပေးသင့်ဘူးလို့ ရေးသားကန့်ကွက်ကြဖို့ လိုတယ်။
နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ DVB ဟာ ကြားနေအသံလွှင့် အဖွဲ့အစည်း ဖြစ်တယ်ဆိုတဲ့လူပါးဝစကား ဘဲဖြစ်တယ်၊ ဒီစကားကိုပြောပြီးဒီမိုကရေစီအင်အား စုဖက်လဲမ လိုက်ဘူး၊ စစ်အစိုးရဖက် လဲမလိုက်ဘူးကြားနေမယ် ဆိုတာတော်လှန်ရေးလုပ်နေတဲ့သူတွေအားလုံးကိုစော်ကားလိုက်ပြီးပုဆိုးလှန်ပြလိုက် သလိုပါဘဲ၊ တော်လှန် ရေးအဖွဲ့အစည်းထဲမှာပါလို့ တော်လှန်ရေး အကျိုးအတွက်ခန့်လိုက်တာကို အခွင့် ကောင်း ယူပြီး သူတို့ကိုယ်သူတို့ ဝါရင့်သတင်းဆရာကြီးများ (Professional Journalists) ဖြစ်သွားပြီဆို တဲ့အမူအ ကျင့် ဟာဘာကိုပြသလဲ ဆိုတော့ ဘဝ မေ့တာ၊ ငါတို့ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုတော့ဘူးဆိုတဲ့တော်လှန်ရေး ကိုကျေးဇူး ကန်း တဲ့စိတ်၊ ဘဝင်မြင့်နေ တာ အောက်ခြေလွတ်နေတာကိုပြတာဘဲဖြစ်တယ်။ ဆောင်းပါးကောင်းတပုဒ်တလေတောင် မရေးတတ်တဲ့အုပ်ချုပ်ရေးမှူးဆိုတဲ့ သူတွေကသူတို့ကိုယ်သူတို့ဝါရင့်ဂျာနယ်လစ်ကြီးများအဖြစ်သတ်မှတ်ပြီး “ကြားနေမယ်ဆိုတာဟာဒီမိုကရေစီတော်လှန်ရေးအိမ်ဦးခန်းကိုချီးတက်ပါဘဲ” အင်မတန်စော်ကားတဲ့လုပ်ရပ်လို့မြင်တယ်။

တနည်းပြောရရင်ဒီမိုကရေစီတော်လှန်ရေး ကြီးတခု လုံးကိုခုတုံးလုပ်ပြီးငါတို့ ကိုယ်ကျိုးရှာတော့မယ်လို့မျက်နှာပြောင်တိုက်ပြောလိုက်တာဘဲ။ သူတို့ရဲကြားနေမယ် ဆိုတာဆိတ်လစေ့လိုအချောင်နေပြီး ဖက်ကပ်လိုက်ဒီဖက်ကပ်လိုက်နေသာသလို အနာမခံအမုန်းမခံဘဲခွစားနေမယ်ဆို တဲ့စိတ်ဘဲ။ ငယ်ငယ်ထဲကပါလာတဲ့ စိတ်ဆိုတော့ငယ်ပါစိတ်လို့ခေါ်တယ်။ ရွံ့ရှာစရာကောင်းတဲ့စိတ်ဓါတ်တွေပါဘဲ။
အချုပ်အားဖြင့်သူခိုးလက်မှသူဝှက်လုခြင်းသည်ဒီဗီဘီအတွက်ဘာတိုးတက်ပြောင်းလဲမှုမှမရှိနိင်ချေ။ လူကောင်းတွေတကယ်ရွေးနိုင်ဘို့လိုသည်။ တကယ်မျိုးချစ်စိတ်ထက်သန်တဲ့သူတွေပါဘို့လိုသည်။ ကြိတ်စားခြင်းမဟုတ်ဘဲ သုံးစွဲမှုမှန်သမျှကိုဒိုးယိုပေါက်ထင်သာမြင်သာ (Transperency) ရှိဘို့လိုပါသည်။

တော်လှန်ရေးသစ္စာဖြင့်
ထွန်းအောင်ကျော်

မှတ်ချက်။ DVBကိစ္စကို ကိုင်တွယ်နေသောဘုတ်ဒါရိုက်တာမစ္စတာ Mr. Harald Bockman ကိုဖုံးဆက်ကြပါ။အီးမေး ပို့ကြပါ။
Mr. Harald Bockman, Board Chairman, Tel +47 9414 38 38 .

It’s a shameful story for us. The Burmese “Super Thief caught Thieves” in Norway because Harn Yawnghwe is well known as a super corrupter among the Burmese.If the Norway donors is continue to use these corrupted management, it will be obviously reflected as neglected democratic societies of Burma.
K K O
Bertil Lintner ရဲ့စာအုပ်ဝေဖန်သုံးသပ်ချက်ထဲမှာ စာရေးဆရာ Samaranyake ဟာ သမတကြီး စပ်ရွှေသိုက် ရဲ့သမီးနဲ့လက်ထပ်ခဲ့သူ Peter Simms ဟာဗြိတိန်အစိုးရရဲ့စပိုင်တယောက်ဖြစ်နေတာစာရေး ဆရာ ကသိပုံမပေါ်ဘူး လို့ပါတယ်။ သမိုင်းမြှုပ်ကွက်တခုပါဘဲ။ ဟန်ညောင်ဝေရဲ့အမကြီးယောက်ျားပေါ့။
“During that time he also met Peter Simms, an Englishman turned Buddhist who had married one of the daughters of Myanmar’s first president, Sao Shwe Thaike, and become an adviser to one of the country’s newspaper editors. What Samaranayake probably did not know was that Simms was also a British intelligence agent,”
Book Review Asia Times October 1, 2011, Before the Darkness, Rangoon Journalist: Memoirs of Burma Days 1940-1958 by F Smaranayake
Reviewed by Bertil Lintner

http://www.facebook.com/photo.php?v=2245830358180

DVB ပြည်တွင်းသတင်းလုပ်ငန်းကွန်ယက်မှာ ငွေအလွဲသုံးစားရှိနေနိုင်တယ်ဆိုပြီး တာဝန်ရှိသူတွေက စက်တင်ဘာလ ၃၀ မှာ သတင်းထုတ်ပြန်ပါတယ်.. အလွဲသုံးစားလုပ်တာ ၂၀၁၀ နှစ်အတွင်းမှာ ဖြစ်နိုင်ပြီး ဒေါ်လာ ၃သိန်းလောက်- မြန်မာငွေ သိန်း ၃၀၀၀ လောက်လို့  ခန့် မှန်းပါတယ်.. အလွဲသုံးစားမှုမှာ ပါဝင်ပါတ်သက်မှု မရှိပေမယ့် အဖွဲ့ အစည်းတခုလုံး စီမံခန့် ခွဲရေးနဲ့  အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ ဦးဆောင်ညွှန်ကြားရေးမှုး ဦးအေးချမ်းနိုင်နဲ့ လက်ထောက် ညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်းတို့ က စီမံခန့် ခွဲရေးတာဝန်ကနေ နှုတ်ထွက်ပေးပါတယ်.. ဒီကိစတွေနဲ့ ပါတ်သက်ပြီး အဖြေမှန် အမှုမှန် အခြေအနေမှန် သိရအောင် နော်ဝေရဲဌာနမှာ အမှုဖွင့်ပြီး စံစမ်းစစ်ဆေးနေစဉ်ကာလမှာ ဘုတ်အဖွဲ့ ဝင် စပ်ဟန်ညောင်ရွှေက DVB ဦးဆောင်ညွှန်ကြားရေးမှုးတာဝန် ယာယီ ထမ်းဆောင်ပါမယ်.

By DVB
Published: 30 September 2011
1. The Management and Board of Directors of the Democratic Voice of Burma (DVB) have discovered that the leadership of DVB ’Inside Operations’ in Burma may have embezzled in 2010, up to Baht 9 million (1.7 million Norwegian Kroners or approximately 300,000 US Dollars) from funds allocated for journalists and operations inside Burma.
2. Preliminary investigations by the Board show that other DVB journalists working in Burma and elsewhere were not involved.
3. The Executive Director of DVB, Aye Chan Naing, and the Deputy Executive Director, Khin Maung Win, although not involved in the embezzlement, have taken full responsibility. They have stepped down from their management positions to enable external auditors to conduct an impartial investigation.
4. The Board of Directors have accepted the decision of the two Executive Directors and have appointed Harn Yawnghwe as Acting Executive Director of DVB to oversee operations in the interim.
5. The DVB Board has initiated legal action. This initiative is of crucial importance to prove that the DVB as an exiled media institution that promotes democratic values and transparency does not allow any organisational practices that go contrary to what it is promoting. DVB is registered as a Norwegian Foundation.
6. This process will not have any major impact on DVB operations, nor on any of the DVB affiliates.
Over the years, DVB has built up an extensive network of reporters inside the country, which has delivered news under challenging conditions. The fact that 17-DVB journalists from the network at present are serving from 3 to 65 year terms in various prisons in Burma is a clear indicator of the selfless and dedicated work of these journalists.
(Harald Bockman)
Contacts:
1. Mr. Harald Bockman, Board Chairman, Tel +47 9414 38 38 .
2. Mr. Harn Yawnghwe, Acting Executive Director, Tel +32 475 75 3632 .

http://komoethee.blogspot.com/

LH

http://bdcburma.wordpress.com/2011/10/02/%E1%80%9E%E1%80%B0%E1%80%81%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%80%E1%80%B9%E1%80%9E%E1%80%B0%E1%81%80%E1%80%BD%E1%80%80%E1%80%B9%E1%80%9C%E1%80%AF/

စပါးဈေးမြင့်တက်နေသောကြောင့် ဆန်ဈေးများလည်း မြင့်တက်လာ

အောင်ကိုကိုလတ်(မြစ်မခ)

အောက်တိုဘာ ၁၊ ရန်ကုန်မြို့။

စပါးထွက်ရှိရာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း စတဲ့ ဒေသများအပါအ၀င် နယ်ဒေသများတွင် စပါးဈေးနူန်မှာလည်း မြင့်တက်နေသောကြောင့်ရန်ကုန်တိုင်း ဒေသကြီးတွင်းရှိဆန် ဈေးနူန်းများမြင့်တက်လျက်ရှိကြောင်း ဘုရင့်နောင် ဆန်ကုန်သည်များထံမှသိရှိရသည်။

စပါးထွက်ရှိရာ နယ်ဒေသများတွင် စက်တင်ဘာလပိုင်းတွင် ဧည့်မထ အုပ်စုဝင် ဆန်ကြမ်းစပါးများမှာ တင်း ၁၀၀ လျှင် ငါးသိန်းလောက်ထိ ပေါက်ဈေးရှိခဲ့ပြီး၊ ယခုအခါ နယ်စပါးလှောင်လက်များက အများအပြား ၀ယ်ယူလာကြသောကြောင့်ကျပ်ငါးသိန်း၅ သောင်းကျော်မှကျပ်၆သိန်းအထိ ဈေးကောင်းရရှိနေကြောင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးတွင်း ရှိစပါးစိုက်တောင်သူများ ထံမှသိရသည်။

“အခုစပါးဈေးက အနောအုပ်စုဝင် စပါးတင်း ၁၀၀ ကို ကျပ် ငါးသိန်း ၅ သောင်းလောက် ထိရှိတယ်။ အဲဒီစပါးဆို ဆန်စက်မှာ ၂၄ ပြည်ဝင်ဆန်တစ်အိတ်ကို ကျပ် သုံးသောင်းလောက်ထိဈေးရလာတယ် ” ဟု ပဲခူးမြို့မှ ဆန်စက်လုပ်ငန်းရှင် ဦးငွေလှိုင် ကပြောသည်။

နယ်ဈေးကွက်များတွင် ဆန်ချောစပါးတင်းတစ်ရာလျှင် ယခင်လက ကျပ် ၆ သိန်းခန့်ရှိရာမှ ယခုအခါ ကျပ် ၇သိန်း သိန်းဝန်းကျင်ခန့်ရှိပြီး ဆန်ကြမ်းဧမထဈေးမှာ ယခင်လက ကျပ် ၄သိန်း ၅ သောင်းဈေးမှ ယခု တင်းတစ်ရာလျှင် ကျပ် ၅ သိန်း ၀န်းကျင်ခန့် အထိဈေးနူန်းများမြင့်တက်လျက်ရှိကြောင်း သိရသည်။

“စပါးရိတ်ချိန်ကဆို ကျွန်တော်ရောင်းတာ ကျပ် ၃သိန်း ၅သောင်းလောက်ပဲရှိတယ်။ အခုစပါးကကောင်းလာ တယ်။ အခုဆိုရင် ကျပ်လေးသိန်း- ငါးသိန်းအတက်မှာရှိလာတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးမှ တောင်သူ ဦးမင်းဆွေ ကပြောသည်။

ယခုနှစ်တွင် မိုးရွာသွန်းမှုများခြင်းကြောင့် လယ်ကွင်းများ ရေမြှုပ်ပြီး ပျက်ဆီးမှု များဖြစ်ပေါ်ခဲ့သည့် အတွက် စပါးရှားပြီး ဈေးကောင်းနေခြင်းဖြစ်ကြောင်း ဦးမင်းဆွေက ပြောသည်။

`ကားတွေ တန်ပိုသတ်မှတ်ပြီး သယ်စရိတ်လည်းတက်လာတယ်။ နောက် နယ်တွေမှာလည်း စပါးဈေးကတက်လာတော့ ဆန်ဈေးကွက်မှာပါ ဈေးတက်လာတယ်။ နယ်ကယူဈေးကိုက တစ်အိတ်ကို ကျပ် ၂၄၀၀၀ လောက်ရှိတယ် ကျွန်တော်တို့ ရောင်းတော့ ဆန်ကြမ်းကို တအိတ် ၂ သာင်း ၈ထောင်နဲ့ လက်ကားပေးရတယ်၊ လက်လီဆိုင်တွေမှာတော့ပိုဆိုးမှာပေါ့ဟု ”ဟု ရန်ကုန်မြို့၊ဘုရင့်နောင်မှ ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့်လည်း ဆန်ဈေးမှာ ယခင်ကထက် ပိုပြီး မြင့်တက်နေခြင်းဖြစ်ကြောင်း ဘုရင့်နောင်ဆန်လုပ်ငန်းရှင် တစ်ဦးကပြောသည်။

ဘုရင့်နောင်ဈေးကွက်တွင် စက်တင်ဘာလပိုင်း၌ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်၂၂၀၀၀ ၀န်းကျင့်ခန့်သာ ရှိခဲ့သော်လည်း ယခုအောက်တိုဘာလပိုင်း၌ တစ်အိတ်လျှင် ကျပ် ၂၅၀၀၀ ၀န်းကျင့်ခန့်မှ ကျပ် ၃သောင်းကျော် အထိရှိလာကြောင်း၊ ဆန်ချောဈေးမှာလည်း စက်တင်ဘာလပိုင်း၌ တစ်အိတ်လျှင် ကျပ် ၂၈၀၀၀ ၀န်းကျင်ခန့်သာရှိခဲ့သော်လည်း ယခုအောက်တိုဘာလပိုင်း၌ တစ်အိတ်လျှင် ကျပ် ၃၆၀၀၀ ၀န်းကျင်ခန့်အထိမြင့် တက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှသိရှိရသည်

Monday 26 September 2011

ရွှေဝါရောင်တော်လှန်ရေးနေ့ ၄နှစ် ပြည့် ဆန္ဒပြပွဲအခမ်းအနားနှင့် ဧရာဝတီမြစ်ဆုံဆည် အမြန်ဆုံးဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြပွဲ အခမ်းအနားကျင်းပ


အင်္ဂလန်နိုင်ငံ၊ လန်ဒန် မြို့ အခြေစိုက် Burma Democratic Concern( BDC ) အဖွဲ့ကြီးမှ ကြီးမှူး၍ ရွှေဝါရောင်တော်လှန်ရေးနေ့ ၄နှစ် ပြည့် ဆန္ဒပြပွဲအခမ်းအနားနှင့် ဧရာဝတီမြစ်ဆုံဆည် အမြန်ဆုံးဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြပွဲ အခမ်းအနား နှစ်ရပ်ပေါင်းကို မနေ့က အင်္ဂလန်နိုင်ငံ၊ လန်ဒန် မြို့ရှိ မြန်မာသံရုံးရှေ့နှင့် တရုတ်နိုင်ငံသံရုံးရှေ့တို့တွင် တစ်နေ့ထဲ ခြိမ့်ခြိမ့်သဲသဲ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

ပထမဦးစွာ မြန်မာပြည် သမိုင်း၌ စစ်အာဏာရှင်တို့၏ အဆိုးသွမ်းဆုံး၊ ကမ်းကုန်အောင် မိုက်ရိုင်း၊ ရက်စက်ခဲ့ကြသော၊မည်သည့်အခါမှ မေ့ရက်နိုင်စရာမရှိသော ရွှေဝါရောင်တော်လှန်ရေးနေ့ ၄နှစ် ပြည့် အထိမ်းအမှတ် ဆန္ဒပြပွဲ အခမ်းအနားကို ၂၆ရက်နေ့၊ စက်တင်ဘာလ၊ ၂၀၁၁ ၌ နေ့လည် ၁နာရီမှ ၂နာရီ တွင် လန်ဒန် မြို့ရှိ မြန်မာသံရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ အင်္ဂလန်နိုင်ငံရောက် မြန်မာလူမျိုး၃၀၀ခန့် စည်းလုံးညီညွတ်စွာဖြင့် ဆန္ဒပြပွဲကို တစ်ခဲနက် အားပေးတက်ရောက်ခဲ့ကြပါသည်။


ထိုဆန္ဒပြပွဲအခမ်းအနား၌ ရွှေဝါရောင်တော်လှန်ရေးကြီးတွင် ကျဆုံးသွားသော အာဇာနည် အပြစ်မဲ့ ရဟန်းရှင်၊ လူ၊ ကျောင်းသားများအား ဦးညွတ်အလေးပြုခြင်း၊ မေတ္တာပို့အမျှပေးဝေခြင်း၊ တက်ရောက်လာသောအဖွဲ့အစည်းအသီးသီးမှ အမှာစကားများပြောကြားခြင်း၊ ကြွေးကြော်သံများဟစ်ကြွေးခြင်း၊ တော်လှန်ရေးသီချင်းများအားဟစ်ကြွေးသီဆိုခြင်းများကို စိတ်အားတက်ကြွဖွယ် စည်းလုံးညီညွတ်စွာဖြင့် ဆန္ဒပြ ပြုလုပ်ခဲ့ကြပါသည်။ အမှာစကားများပြောကြားရာတွင် Burma Democratic Concern( BDC ) ၏ ညွန်ကြားရေးမူး ဦးမျိုးသိမ်းမှ ရွှေဝါရောင်တော်လှန်ရေးနေ့သမိုင်းနှင့် ယနေ့ခေတ်တော်လှန်ရေးတွင် ပြည်တွင်း၊ ပြည်ပမြန်မာလူမျိုးအားလုံး၌ တာဝန်ရှိပုံကို ကျိုးကြောင်းများစွာဖြင့် စိတ်ဓာတ်ခွန်အားတက်ဖွယ် ပြောကြားသွားခဲ့ပါသည်။


ဆန္ဒပြပွဲလာ လူပရိတ်သတ်ကြီးသည် ဆက်လက်၍ ဧရာဝတီမြစ်ဆုံဆည် အမြန်ဆုံးဖျက်သိမ်းရေး တောင်းဆိုဆန္ဒပြပွဲ အခမ်းအနားကို ချီတက်သွားရာ နေ့လည် ၃နာရီ၌ လန်ဒန် မြို့ရှိတရုတ်နိုင်ငံသံရုံးရှေ့တွင် တောင်းဆိုဆန္ဒပြပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြပါသည်။ ထို တောင်းဆိုဆန္ဒပြပွဲတွင် အင်္ဂလန်နိုင်ငံရောက် မြန်မာလူမျိုးက တရုတ်နိုင်ငံ၏ မြန်မာပြည်သူ၊ ပြည်သားတို့အတွက် ဒုက္ခရောက်စေမည့် ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ခြင်းကို အပြင်းအထန် ဆန့်ကျင်ကန့်ကွက်၊ရှူပ်ချလိုက်ပါသည်။ အမှာစကားများပြောကြားရာတွင် KNO UK ခေါင်းဆောင်တစ်ဦးဖြစ်သော ကိုခရစ်စတိုဖာရင်းတုမှ ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ခြင်းကို ကချင်တိုင်းရင်းသားများကမည်သည့်အခါကမှ သဘောမတူခဲ့ကြောင်း၊ ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ခြင်း၏ ဆိုးကျိုးများ၊ သဘာဝဂေဟစနစ်များပျက်ယွင်းနိုင်ပုံ၊ ဒေသခံ ကချင်တိုင်းရင်းသားများ၏ ယဉ်ကျေးမူသမိုင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးသွားနိင်ပုံများကို ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားသွားခဲ့ပါသည်။ ။



ကဲကဲလေး
၂၇ရက်၊ စက်တင်ဘာလ၊ ၂၀၁၁

ရန်ကုန် ဆူလေဘုရားအနီးသို့  သံဃာ့အရေးအခင်း ၄ နှစ်ပြည့် ပြည်သူများ ဆန္ဒပြ လာနေသည်။







ဒေါ်နော်အုံးလှတို့ ဦးဆောင်ပြီး ရန်ကုန်မှာ အခု ဆန္ဒပြနေပါတယ် လို့သတင်းရရှိပါတယ်။
မြောက်ဥက္ကလာနေ ဆုလေဘုရားကို ချီတက်ကြမယ်။လူ၁၀၀ လောက်ရှိတယ်လို့သိရပါတယ်။ မရမ်းကုန်းမြို့အ၀င်လမ်းဝန၀ဒေး ရုပ်ရှင်ရုံရှေ့မအရောက် ရဲက ပုဒ်မ ၄၄၆ တည်ဆဲ ဥပဒေအရ အရေးယူမယ်လို့ တုန့်ပြန်လာတယ်လို့ဆိုပါတယ်။ ရဲကခြိမ်းခြောက်တာဖြစ်ပါတယ်။ မြစ်ဆုံကိစ္စ နဲ့ ရွှေဝါရောင် ၄နှစ်ပြည့် လှုပ်ရှားမှုလို့ ယူဆရပါတယ်။ အခု တံတားလေးလမ်းဆုံမိုးလေ၀သရောက်နေပြီ လို့သိရပါတယ်။ ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီအစိုးရလို့ဆိုထားတော့ ဆန္ဒပြခွင့်ပေးထားသလား စမ်းသပ်မှုတခုပဲလို သုံးသပ်မိပါတယ်။

န၀ဒေးလမ်းဆုံနဲ့ကမ္ဘာအေးကြားမှာအပိတ်ခံနေရတယ်မြို့ထဲကိုချီတက်တဲံ့သူတွေ ရဲ၊ စစ်တပ် လက်နက်ကိုင် တစ်စု နဲ. အရပ်ဝတ် တချို. ပိတ်ထားပါတယ်ယာဉ်တွေ လူတွေ ရှုပ်ထွေးပြီး ဘေးမှ ကြည့်နေသူလည်းအများကြီးပါလူ ၁၅၀ နဲ. ၂၀၀ ကြား အင်္ကျီး အပေါ် က ရွေဝါရောင်တွေ ဝတ်ဆင်ပြီး အောက်က အမျိုးသား အနက်ရောင် အမျိုးသမီး ရောထမိန် ဝတ်ဆင်ပြီး ချီးတက်တာပါ အခုရှေ.ဆက်ပြီးသွားလို.မရပါ ယာဉ်ထိန်းရဲ များရောက်ရှိလာပါပြီ


ဒီမိုဝေယံ မြသိန်း
ဓါတ်ပုံသတင်းများ ဆက်လက်ဖေါ်ပြပါမည်။

Friday 23 September 2011

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သင်္ဃကျွန်းမြို့ နယ် ပြည်သူများက ကြိုဆို

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒု ဥက္ကဌ ဦးတင်ဦး အဖွဲ့ ချုပ်အဖွဲ့ ဝင်များနှင့်အတူ သင်္ဃကျွန်းမြို့ နယ် တွင် အောင်ဆန်းပင်လုံ စာဖတ်ခန်း ဖွင့်ပွဲကို ဖွင့်လှစ်ပေးခဲ့ရာ သင်္ဃကျွန်းမြို့ နယ် အဖွဲ့ ချုပ်အဖွဲ့ ဝင်များနှင့် ချစ်ခင်လေးစား ကြသော ပြည်သူများက လာရောက်တွေ့ ဆုံကာ သောင်းသောင်ဖြဖြ ကြိုဆိုကြသည်။





































Myanmar democracy icon Aung San Suu Kyi, center, delivers a speech during an opening ceremony of the Aung San Pinlung library on the outskirts of Yangon, Myanmar on Friday, Sept. 23, 2011. AP


ပြည်သူများပိုမို၍ ပညာရေးအတတ်ပညာနှင့် အသိပညာများတိုးပွားစေရေးနှင့် လူမူရေးရာအခြေခံများ အသက်မွေးဝမ်းကျောင်းပညာများနှင့် သဘာဝပါတ်ဝန်းကျင်ဆိုင်ရာများကို အဖွဲ့ ချုပ်လူငယ်များမှ ကလေးငယ်များ၏ ပညာရေးတိုးတက်လာစေရန် စာဖတ်ခန်းများ မြို့ နယ်အသီးသီးတွင် ဖွင့်လှစ်
ပေးရန်အကြံပြုအပ်ပါသည်။

Thursday 22 September 2011

ဧရာဝတီ၊ မြန်မာပြည် နဲ့ လိမ်ညာနေတဲ့ နဂါးအနီ











ဧရာဝတီ၊ မြန်မာပြည် နဲ့ လိမ်ညာနေတဲ့ နဂါးအနီ


အောင်ဒင်
စက်တင်ဘာ ၂၂၊ ၂၀၁၁



မြန်မာနိုင်ငံရဲ့ မြောက်ဖက်ဖျား၊ ကချင်ပြည်နယ်ကဧရာဝတီမြစ်ကြီးရဲ့ မူလအစမှာ မြစ်ဆုံဆည်ကြီး တည်ဆောက်နေတာကို မြန်မာပြည်သူတရပ်လုံးက အုန်းအုန်းကြွက်ကြွက်ကန့်ကွက်နေကြပါတယ်၊ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံ ၊ မြန်မာပြည်သူများရဲ့ အသက်သွေးကြောကြီးပါ၊ တရုတ်ပြည်အတွက် ရေအားလျှပ်စစ်ဓာတ်တွေ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆောက်လုပ်နေကြတဲ့ မြစ်ဆုံဆည်ကြီးဟာ မြန်မာပြည်အတွက် ကြီးမားလှတဲ့ ပြန်ပြင်လို့မရတဲ့ ပျက်ဆီး ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေမှာပါ၊ အခုအချိန်ကဖြင့် မြန်မာအာဏာပိုင်များအတွက် အပြောင်းအလဲတခုဆီ ရွေ့လျားရမည့် အချိန်ပါပဲ၊ သူတို့ဘယ်လို ရပ်တည်ကြမလဲ၊ ပြည်သူလူထုရဲ့ အသံကိုနားထောင်၊ ပြည်သူလူထုရဲ့ ဆန္ဒကိုလက်ခံပြီး ဒီမကောင်းဆိုးဝါးစီမံကိန်းကြီးကို ရပ်တန့်ဖို့ ကြိုးစားမှာလား? ဒါမှမဟုတ် တရုတ်အစိုးရရဲ့အကျိုးစီးပွါးကို ကာကွယ်၊ တရုတ်က ပေးကမ်းနေတဲ့ အထောက်အပံ့တွေကို ဆက်လက်တပ်မက်ပြီး ဆည်ကြီးကို ဆက်ဆောက်စေမှာလား? ပြည်သူလူထုက ရှေ့က ဖုန်းကွယ်ထားတာတွေကို ဖော်ထုတ်ပြီး အမှန် တရားကို ပို၍ပို၍သိချင်နေချိန်မှာ တွေ့နေရတာကတော့ တရုတ်အာဏာပိုင်များနဲ့ မြန်မာအာဏာပိုင်များ ရဲ့ မစားရ ဝခမန်းပြောနေတဲ့ ဆည်ကြီးကြောင့်ရရှိမည့် အကျိုးစီးပွါးတွေအကြောင်း လိမ်ညာမှုတွေပါပဲ၊ သမ္မတဦးသိန်းစိန်အစိုးရဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့ လက်အောက်ခံ ဖြစ်စေတော့မှာလား?


(၁) အစော်ကားခံရတဲ့ ကချင်ပြည်သူများ

ကချင်ပြည်သူများရဲ့ မြစ်ဆုံဆည်ဆောက်လုပ်ရေးကို ကန့်ကွက်မှုက အင်မတန်မှ အားကောင်း၊ ခိုင်မာ၊ ပြင်းထန်လှတာ လွန်ခဲ့တဲ့ နှစ်များကထဲကနေ အခုအချိန်အထိပါ၊ ဒါပေမည့် တရုတ်အာဏာပိုင်တွေက ကချင်ပြည်သူများက မြစ်ဆုံဆည် နဲ့ အခြားဆည်ကြီးများ ကချင်ပြည်နယ်တွင်းမှာ တည်ဆောက်တာကို ကျယ်ကျယ်ပြန့်ပြန့်ကြိုဆိုထောက်ခံကြတယ်လို့ လိမ်ညာကြွေးကြော်ကြပါတယ်၊ဟိုးဝါးဒူးဝါး ဇော်ဂမ် ဆိုတာ မြစ်ကြီးနားမှာနေတဲ့ အများကြည်ညိုလေးစားတဲ့ ကချင်ခေါင်းဆောင် တယောက်ပါ၊ သူက တရုတ်အစိုးရက ဒီဆည်ကြီးတွေ ဆောက်တာမှာ ရယ်ရွယ်ချက်နှစ်ခုရှိတယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်၊ သူက ဒီလိုပြောပါတယ်၊ "ဒီရေကာတာ ကိစ္စက ရည်ရွယ်ချက်နှစ်ခု ရှိတယ် ထင်တယ်။ ပထမ ရည်ရွယ်ချက်က ရေအားလျှပ် စစ်ရဖို့၊ ဒုတိယ ရည်ရွယ်ချက်က တရုတ်ပြည်က မြန်မာပြည်ကို ကြိုးကိုင်ဖို့၊ လုံခြုံရေး ထိန်းချုပ်ဖို့ ရေကာတာကို ဗုံးတလုံး ထောင်ထားသလို လုပ်ထားတာ။ ဒါကြောင့် ကိုယ့်ပြည်သူတွေ သေမှာကိုကြောက်တဲ့ ခေါင်းဆောင်တွေက သူတို့ (တရုတ်) ဘာပဲပြောပြော နားထောင်ရတော့မှာပဲ။ ကိုယ့်ပြည်သူတွေ သန်းချီသေဖို့ ကိစ္စဖြစ်သွားပြီ။ စဉ်းစားစရာတွေ တသီတတန်းကြီး ဖြစ်သွားပြီ။ ဒါကြောင့် တော်တော်ကြောက်တယ်။ ငါတို့ အကျိုးကနည်းပြီး၊ သူတို့ အကျိုးကများနေတယ်။ ဒါကြောင့်လည်း လက်မှတ်ထိုး အကြုံပြုခဲ့တယ်။ အရင်ဆုံး လက်မှတ်ထိုးခဲ့ တယ်။ခေါ်ခဲ့ရင်လဲပြောစရာ အများကြီးရှိပါတယ်။" ဒူးဝါးဇော်ဂမ်ဟာ သူ့ဘဝသက်တမ်းမှာ ဆည်တွေကျိုးပေါက်လို့ မြစ်ကြီး နားမြို့ကြီး ရေလွှမ်းခံရတာ အကြိမ်ကြိမ်ကြုံဖူးခဲ့သူပါ၊ သူအတွက်တော့ မြစ်ကြီးနားမြို့နဲ့ ၁၈မိုင်လောက်အကွာမှာ တည်ရှိမည့် အထပ် ၅၀အဆောက်အအုံတခုလောက်မြင့်မားမည့် မြစ်ဆုံဆည်ကြီးဟာ အချိန်မရွေးပေါက်ကွဲမည့် ဗုံးအကြီးကြီးတခုပါပဲ၊ ကချင်ပြည်သူတွေဟာ ဒီဆည်ကြီးတွေ ငလျင် နဲ့ မိုးသည်းထန်ခြင်းစတဲ့သဘာဝဘေးရန်ကြောင့်ဖြစ်စေ၊ လူသားရဲ့အမှား ချို့ရွင်းချက်ကြောင့်ဖြစ်စေ၊ ပြိုကျပျက်ဆီးပြီး သူတို့ရဲ့ မြို့၊ ရွာတွေ ရေလွှမ်းဖျက်ဆီးခံရမှာကို ကြောက်ရွံ့စိတ်နဲ့ ရှင်သန်နေကြရမှာပါ၊

ဒါကြောင့်လဲ ၂၀၀၇ ခုနှစ် မေလမှာ မြန်မာစစ်အစိုးရ နဲ့ တရုတ်အစိုးရတို့ ကချင်ပြည် နယ်အတွင်းမှာ ဆည်ကြီး ၇ ခုဆောက်ဖို့ သဘောတူလိုက်ကြတယ်ဆိုတဲ့ သတင်းကို ကြားကြားချင်း ဒူးဝါးဇော်ဂမ်နဲ့ ကခြားကချင်ခေါင်းဆောင် ၁၁ဦးဟာ မြန်မာစစ်အုပ် စုခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာတစောင် လက်မှတ်ရေးထိုးပေးပို့ပြီး ကန့်ကွက်ခဲ့ကြပါတယ်၊ သူတို့ချည်းပဲလားဆိုတော့ မဟုတ်ပါဘူး၊ ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ ထောင်နဲ့ချီတဲ့ ကချင်ပြည်သူတွေ၊ မြန်မာနိုင်ငံတဝှမ်းလုံးက ပြည်သူတွေက ဒီဆည်ဆောက်လုပ်ရေးကို ရပ်တန့်ဖို့ တရုတ် နဲ့မြန်မာ အာဏာပိုင်များထံ အကြိမ်ကြိမ် တောင်းဆိုခဲ့၊ တောင်းဆိုနေကြတာ ၂၀၀၇ ခုနှစ်ကတဲကပါ၊ ဒါပေမည့် တရုတ်အစိုးရကတော့ ဒီအသံတွေကို လုံးလုံးလျားလျားမျက်ကွယ်ပြုပြီး ဆည်တည်ဆောက်ရေးကို ဆက်လက်ဆောင်ရွက်ဖို့ ပိုင်းဖြတ်ထားပုံရပါတယ်၊

စက်တင်ဘာလ ၁၇ ရက်၊ ၂၀၁၁ မှာ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းနဲ့ ပါတ်သက်ပြီးအလုပ်ရုံဆွေးနွေးပွဲ (၃/၂၀၁၁)ကို နေပြည်တော်မှာ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဦးဆောင်ကျင်းပခဲ့ပြီး ဒီစီမံကိန်းနဲ့ပါတ်သက်နေတဲ့ ဝန်ကြီးဌာနများ၊ ပညာရှင်များ၊ တရုတ်အစိုးရ ကုမ္ပဏီကိုယ်စားလှယ်များက မြစ်ဆုံဆည်တည်ဆောက်ရေးနဲ့ပါတ်သက်ပြီး စာတမ်းတွေ တင်သွင်းခဲ့ကြပါတယ်၊ အဲဒီဆွေးနွေးပွဲမှာ တရုတ်အစိုးရဘက်က CPI Yunnan International Power Investment Co., Ltd (CPIYN) ရဲ့ ဥက္ကဌ မစ္စတာ လီ (Mr. Li Guanghua) တက်ရောက်ပြီး "ဧရာဝတီမြစ်ဝှမ်းဒေသ ရေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ခြင်း သည် မြန်မာနိုင်ငံလျှပ်စစ်စွမ်းအားလုပ်ငန်းများအတွက် မဟာဗျူဟာကျသော ရွေးချယ်မှုဖြစ်သည်" (Ayeyawady Basin Hydropower Projects are Strategic Selection for Myanmar Electric Power Industry) လို့ ခေါင်းစဉ်တပ်ထားတဲ့ စာမျက်နှာ ၃၀ ရှိတဲ့ စာတမ်းတစောင်ကို တင်သွင်းခဲ့ပါတယ်၊

အဲဒီစာတမ်းမှာ မစ္စတာ လီ က "ကချင်လူမျိုးများသည် မြစ်ဆုံဆည်ဆောက်လုပ်ရေးလုပ်
ငန်းကို ထောက်ခံကြသည်" လို့ တင်ပြသွားပါတယ်၊ သူက ဒီလိုပြောပါတယ်၊ စီမံကိန်းနဲ့ပါတ်သက်ပြီး လေ့လာသုံးသပ်တဲ့ အဖွဲ့အစည်းတွေဟာ မတူညီတဲ့ ဘာသာတရား၊ ဘဝ၊ လူမျိုးစု၊ ပညာရေး နောက်ခံအသီးသီးက ဒေသခံပြည်သူတွေကိုသူတို့ရဲ့ သဘောထားစစ်တမ်းတွေကို ကောက်ခံခဲ့ပါတယ် တဲ့၊ အဲဒီစစ်တမ်းတွေအရ သဘောထားပေးသူပေါင်းရဲ့ ၈၀ ရာခိုင်နှုံးကျော်က ရေအားလျှပ်စစ်စီမံကိန်းဟာ ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ဝင်ငွေမြင့်မားမှုတွေ ဖန်တီးပေးလိမ့်မယ် လို့ ယုံကြည်ကြပါသတဲ့၊ ၆၂ ရာခိုင်နှုံးကျော် က ရေအားလျှပ်စစ်စီမံကိန်းဟာ ဒေသတခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွါးရေးကို သိသိသာသာမြှင့်တင်ပေးလိမ့်မယ်လို့ ယုံကြည်ကြပါသတဲ့၊ ပြီးတော့ သဘောထားပေးသူအများစုက နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီမံကိန်းဆောင်ရွက်မှုများကို ထောက်ခံကြပါသတဲ့၊ မလွဲမရှောင်သာ ၁၄ ရာခိုင်နှုံးလောက်က မထောက်ခံကြောင်းပြောရာမှာတောင်မှ မစ္စတာ လီ က အဲဒီလူတွေဟာ စီမံကိန်းဒေသ မြစ်ဆုံကနေ ပထမဆုံး ရွှေ့ပြောင်းပေးရမည့် တန်ဖဲကျေးရွာက ဖြစ်ပြီး ဒီစီမံကိန်း ကောင်းကြောင်းကိုအသေအချာနားမလည်ကြလို့ ဖြစ်တယ်လို့ ဆင်ခြေပေးပါသေးတယ်၊

အဲဒီ စစ်တမ်းတွေကို ဘယ်တုံးက၊ ဘယ်သူတွေက၊ ဘယ်သူတွေကို၊ ဘယ်မှာ၊ ဘယ်လိုရှင်းပြပြီး ကောက်ယူခဲ့တယ်ဆိုတာတော့ သူက ရှင်းမပြပါဘူး၊ ကချင်လူမျိုးများက ဆည်တည်ဆောက်ရေးစီမံကိန်းများကို ထောက်ခံကြတယ်လို့ သူ အရှင်းဆုံးနဲ့ မောက်မောက်မာမာ ကြွေးကြော်လိုက်တာကတော့ ဒီမြစ်ဆုံဆည်ဆောက်လုပ်ရေးကို ရပ်တန့်ဖို့ နည်းလမ်းပေါင်းစုံနဲ့ တစိုက်မတ်မတ်တောင်းဆိုနေကြတဲ့ ကချင်ပြည်သူများကို အကြီးအကျယ်စော်ကားလိုက်တာပါပဲ၊


(၂) မြန်မာပညာရှင်များ၏ကန့်ကွက်ချက်ကို မျက်ကွယ်ပြုခြင်း

မစ္စတာ လီ ကပြောပါသေးတယ်၊ သူတို့ ကုမ္ပဏီဟာ ပါတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို အထူးဂရုစိုက်ပါတယ် တဲ့၊ ဒါပေမည့် လက်တွေ့မှာတော့ သူတို့ဟာ သူတို့ရဲ့ အလိုဆန္ဒနဲ့ မကိုက်ညီတဲ့၊ သူတို့ရဲ့ ဆည်စီမံကိန်းကို မထောက်ခံတဲ့၊ မြန်မာပညာရှင်များတင်ပြ တဲ့၊ ပါတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာသုံးသပ်ချက်အစီရင်ခံစာကို လုံးဝလှစ်လျူရှူထားတာ တွေ့ရပါတယ်၊သူ့အဆိုအရ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ CPI ကငှါးရမ်းထားတဲ့ တရုတ်၊ မြန်မာ ပညာရှင် အယောက် ၁၀၀ ကျော်ဟာ ဧရာဝတီမြစ်ဖျားက မြစ်ဆုံနေရာတဝိုက်မှာ ကွင်းဆင်းစစ်ဆေးမှုတွေ ၆လကျော်ဆောင်ရွက်ခဲ့ပါတယ် တဲ့၊ မြန်မာပညာရှင်တွေက BANCA လို့ခေါ်တဲ့ Biodiversity And Nature Conservation Association ကဖြစ်ပြီး တရုတ်ပညာရှင်တွေကတော့ CISPDR လို့အတိုကောက်ခေါ်တဲ့ Changjiang Institute of Survey, Planning, Design and Research ကဖြစ်ပါတယ်၊ အဲဒီပညာရှင်တွေဟာ ကွင်းဆင်းစစ်ဆေးမှုတွေပြီးတဲ့နောက် အပြန်အလှန်ဆွေးနွေးမှုတွေကို ၂၀၀၉ ခု ဇွန်လ နဲ့ စက်တင်ဘာလအတွင်း မြစ်ကြီးနား၊ ဝူဟန် နဲ့ အခြားနေရာတွေမှာ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ် တဲ့၊ အဲဒီနောက် ၂၀၁၀ ခုနှစ် မတ်လမှာ CISPDR က ဧရာဝတီမြစ်ဖျားက ဆည်တည်ဆောက်ရေး လုပ်ငန်းများ ကြောင့် ပါတ်ဝန်းကျင်ထိခိုက်မှု လေ့လာသုံးသပ်ချက်အစီရင်ခံစာ (Environmental Impact Assessment) (EIA) ကို CPI ထံ တင်ပြပါတယ် တဲ့၊ အဲဒီ CISPDR ကတင်သွင်းတဲ့ EIA က ဆည်တည်ဆောက်ရေးလုပ်ငန်းကို ပါတ်ဝန်းကျင်ထိခိုက်မှု အနည်းအကျဉ်းသာရှိလို့ လုပ်သင့်ကြောင်း ထောက်ခံတင်ပြပါသတဲ့၊ ဒါပေမည့် မစ္စတာ လီ က မြစ်ဆုံဆည်တည်ဆောက်ရေးကို စွန့်လွှတ်ဖို့အကြံပြုတဲ့ မြန်မာပညာရှင်များ BANCA ကတင်ပြတဲ့ EIA ကိုတော့ လုံးဝကိုးကားခြင်းမရှိခဲ့ပါ

အဲဒီ အလုပ်ရုံဆွေးနွေးပွဲမှာပဲ BANCA ရဲ့ ဥက္ကဌဖြစ်တဲ့ ဒေါက်တာထင်လှ ကလဲ စာတမ်းတစောင် တင်သွင်းပါတယ်၊ သူ့စာတမ်းကနေ မစ္စတာ လီ နဲ့မတူတဲ့၊ ပိုပြီးမှန်တဲ့အချက်အလက်တွေကို သိခွင့်ရလိုက်ပါတယ်၊ ကွင်းဆင်းစစ်ဆေးတဲ့ ပညာရှင် ၁၀၀ ကျော်ဆိုပေမည့် BANCA က မြန်မာပညာရှင်ပေါင်းက ၈၄ ယောက်ပါဝင်တာမို့ တရုတ်ပညာရှင်များရဲ့ အရေအတွက်က ၃၀ ကျော် ၄၀ လောက်ပဲရှိမယ်လို့ နားလည်ရပါတယ်၊ မြစ်ကြီးနားတဝိုက်က ဆည်ဆောက်ဖို့ ရည်ရွယ်တဲ့ နေရာများမှာ စုံစမ်းစစ်ဆေးဖို့ အချိန် ၇ လ သတ်မှတ်ထားပေမည့် တရုတ်ပညာရှင်များဘက်က အကန့်အသတ်တွေကြောင့် ၂၀၀၉ ခု ဇန္နဝါရီ လလယ်ကနေ ဇွန်လအထိ ၅ လပဲ စစ်ဆေးချိန်ရပါ သတဲ့၊ ပြီးတော့ BANCA က မြန်မာပညာရှင်များဟာ မြန်မာနဲ့ တရုတ်အစိုးရအကြားချုပ်ဆိုတဲ့ စာချုပ်စာတမ်းများ၊ နားလည်မှု စာချွန်လွှာများကိုလဲ လေ့လာခွင့် မရရှိခဲ့ပါတဲ့၊ ပူးတွဲကွင်းဆင်းစစ်ဆေးမှု ပြီးတဲ့နောက် ၂၀၀၉ ခုနှစ် အောက်တိုဘာလ မှာ မြန်မာပညာရှင်များက EIA အစီရင်ခံစာမူကြမ်းကို CPI ထံ တင်ပြခဲ့ပြီး ၂၀၁၀ ခု၊ မတ်လမှာ အပြီးသတ်အစီရင်ခံစာကို CPI ထံ တင်သွင်းခဲ့တယ်လို့ သိရပါတယ်၊

BANCA ရဲ့အစီရင်ခံစာထဲမှာ မြန်မာပညာရှင်များက တရုတ်အာဏာပိုင်များကို "မြစ်ဆုံဟာ ကချင်တိုင်းရင်းသားများအတွက်ရော၊ မြန်မာနိုင်ငံသားများ အားလုံးအတွက်ပါ အင်မတန်ကြီးမားလှတဲ့ယဉ်ကျေးမှုအမွေအနှစ်ကြီး ဖြစ်တာမို့ မြစ်ဆုံဆည် တည်ဆောက်ရေးကို စွန့်လွှတ်ဖို့" အကြံပြုထားပါတယ်၊ ပြီးတော့လဲ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ဖို့အတွက် ကချင်ပြည်နယ်အတွင်းမှာ အဆင့်ဆင့်ထပ်ပြီးတည်ဆောက်မည့် အကြီးစား နဲ့ အလတ်စား ဆည်ကြီးများဟာ ဧရာဝတီ မြစ်ကြီးရဲ့ ဖွဲ့စည်းမှု၊ ရေနေသတ္တဝါများ၊ ဇီဝဗေဒ နဲ့ စိုက်ပျိုးမြေများအပေါ် ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ရှိမှာဖြစ်တဲ့အပြင် မြန်မာနိုင်ငံသား များအားလုံးရဲ့ ဘဝတွေကို ကြီးမားစွာ ထိခိုက်စေမှာ သေချာသလောက် ရှိပါတယ်" လို့ ရှင်းပြထားပါတယ်၊ ဒါကြောင့်လဲ BANCA ပညာရှင်များက CPI ကို "မြစ်ဆုံဆည်ဆောက်လုပ်ရေးကို စွန့်လွှတ်ပြီး ယင်းဆည်ကြီးအစား မြစ်ဆုံရဲ့ အထက်ဖက် မေခနဲ့ မလိခ မြစ်နှစ်စင်းပေါ်က သင့်တော်မည့် နေရာ ၂ခုမှာ အသေးစား ဆည် နှစ်ခုအစားထိုးဆောက်လုပ်ဖို့" အကြံပြုထားပါတယ်၊

မြန်မာပညာရှင်များရဲ့ အစီရင်ခံစာနဲ့ အကြံပြုချက်တွေကို တရုတ်အာဏာပိုင်များ စိတ်ကြိုက်မတွေ့တာ ထင်ရှားပါတယ်၊BANCA က အာဏာပိုင်များကို ကချင်ပြည်နယ်အတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းများကို အတည်ပြုကြောင်း မဆုံးဖြတ်ခင် သိပံ္ပနည်းကျ လူမှုဘဝထိခိုက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်တွေကို အရည်အချင်းပြည့်ဝတဲ့ လူမှုရေးသိပံ္ပပညာရှင်များနဲ့ ဆောင်ရွက်သင့်ကြောင်း အကြံပြုသလို ဆည်များဆောက်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး အလားအလာတွေကို စီမံကိန်းတွေကို အတည်မပြုခင် သေသေချာချာ မျှမျှတတ သုံးသပ်ဖို့ အလေးအနက်တိုက်တွန်း ထားပါသေးတယ်၊ ဒါပေမည့်လဲ မြန်မာပညာရှင်များရဲ့ တာဝန်သိသိတင်ပြမှုတွေကို တရုတ်အာဏာပိုင်များက အလွယ်တကူပဲ အမှိုက်ပုံထဲ လွှတ်ပစ်လိုက်ကြပါတယ်၊ အဲဒီနောက် သူတို့ရဲ့ တရုတ်ပညာရှင်များက တင်သွင်းတဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးကို ထောက်ခံတဲ့ EIA အစီရင်ခံစာကိုသာ မြန်မာအာဏာပိုင်များထံ တရုတ်ပညာရှင်များနဲ့ မြန်မာပညာရှင်များ ပူးတွဲရေးသားတဲ့ အစီရင်ခံစာအဖြစ်တင်ပြပြီး ဆောက်လုပ်ခွင့်ရယူခဲ့တယ်လို့ ယူဆရပါတယ်၊ ဒီလိုနဲ့ မြစ်ဆုံဆည် နဲ့ တကွ အခြားဆည်ကြီးများကို ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၀ ခုနှစ်က စပြီး ဆောက်လုပ်နေပါပြီ၊

အလုပ်ရှင်ဖြစ်တဲ့ CPI နဲ့ ချုပ်ဆိုထားတဲ့ ကန်ထရိုက်စာချုပ်အရBANCA ဟာ သူ့ EIA အစီရင်ခံစာကို အများပြည်သူထံ ချပြခွင့်မရှိဘူးလို့ ဒေါက်တာထင်လှ ကပြောပါတယ်၊ ဒါပေမည့်လဲ သူကပဲ ပါတ်ဝန်းကျင်ထိခိုက်မှု လေ့လာသုံးသပ်ချက်ဆိုတာ တကြိမ်တခါထဲ လုပ်ပြီး ကျေနပ်ရမည့် ကိစ္စမဟုတ်ပဲ အကြိမ်များစွာ လုပ်ဖို့၊ ပြည်သူလူထု သိနားလည်မှုနဲ့ ပါဝင်မှု၊ လူထုရဲ့ အကြံပေးချက်တွေကို ထည့်သွင်းစဉ်းစားဖို့လိုအပ်တဲ့ လုပ်ငန်းစဉ်တခုဖြစ်တယ်လို့ ဆွေးနွေးသွားပါတယ်၊ သူ့ရဲ့ အထင်ရှားဆုံး တိုက်တွန်းချက်ကတော့ အာဏာပိုင်တွေအနေနဲ့ နောက်ထပ်ကျန်ရှိနေသေးတဲ့ လေ့လာသုံးသပ်မှုတွေကို ဆက်လက်ဆောင်ရွက်ဖို့ပါ၊


(၃) မသေချာတဲ့ အကျိုးအမြတ်များ နဲ့ သေချာတဲ့ ဆုံးရှုံးမှုများ

တရုတ်၊ မြန်မာ အာဏာပိုင်များက ဆည်ကြီးတွေတည်ဆောက်ပြီးစီးရင် မြန်မာနိုင်ငံအတွက် အကျိုးအမြတ်တွေ အများကြီးရရှိလာလိမ့်မယ် ဆိုပြီး ချဲ့ကားပြောနေကြပါတယ်၊ အဲဒီလို မသေချာတဲ့ အကျိုးအမြတ်တွေကို ထပ်ခါထပ်ခါပြောပြီး လူထုကို စည်းရုံးနေပေမည့် သေချာလှတဲ့ ဆုံးရှုံးမှုတွေကိုတော့ မသိချင်ယောင်ဆောင်နေကြပါတယ်၊ မစ္စတာ လီ က ဒီရေအားလျှပ်စစ်စီမံကိန်း ကြီးကြောင့် မြန်မာနိုင်ငံရဲ့ စီးပွါးရေးဟာ တဟုန်ထိုး ထိုးတက်လာမယ်၊ စီမံကိန်းကြီးတခုလုံးက အမေရိကန်ဒေါ်လာ သန်း နှစ်သောင်းကျော် ကုန်ကျမှာမို့ ဒီစီမံကိန်းကြီး ပြီးသွားရင် မြန်မာနိုင်ငံရဲ့ ပုံသေပိုင်ဆိုင်မှု (Fixed Assets) ထဲမှာ နောက်ထပ် အမေရိကန်ဒေါ်လာ သန်း နှစ်သောင်း တိုးလာလိမ့်မယ်လို့ ဆိုပါတယ်၊ ဒီစီမံကိန်းကြီးများပြီးရင် မြန်မာနိုင်ငံက နှစ်စဉ်ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား မီဂါဝတ် ၂၀၀၀၀ ရဲ့ ၁၀ ရာခိုင်နှုန်း၊ မီဂါဝတ် ၂၀၀၀ ကို အလကားရမယ်၊ လုပ်ငန်းလည်ပါတ်နေတဲ့ အနှစ် ၅၀ အတွင်းမှာ မြန်မာအစိုးရအတွက် နိုင်ငံခြားငွေအကျိုးအမြတ် အမေရိကန်ဒေါ်လာ သန်းပေါင်း ငါးသောင်းလေးထောင် ရမယ်၊ လမ်းတွေ၊ တံတားတွေ၊ ငလျင်တိုင်းတာရေးစခန်းတွေအများကြီးလဲ တရုတ်အစိုးရက အခမဲ့ ဆောက်ပေးဦးမယ်၊ အလုပ်အကိုင်တွေအများကြီးလဲ ဖန်တီးပေးမယ်၊ ပြီးတော့ ကန်ထရိုက်စာချုပ်ပါ သဘောတူညီချက်အရ ဒီဆည်ကြီးတွေကို ဆောက်လုပ်ပြီး အနှစ် ၅၀ လည်ပါတ်ပြီးရင် မြန်မာအစိုးရကို အခမဲ့ လွှဲပြောင်းပေးမှာဖြစ်လို့ ကျနော်တို့ နိုင်ငံက ဒီဆည်ကြီးတွေကို အခမဲ့ ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်၊ သူပြောသမျှ တွေက မြန်မာနိုင်ငံအတွက် အကောင်းတွေချည်းပါပဲ၊

ဒါပေမည့် အဲဒီ အကျိုးအမြတ်တွေဟာ တကယ်ဖြစ်လာဖို့ အတော့်ကို အခွင့်အလမ်းနည်းပါတယ်၊ လက်တွေ့ဘဝမှာ ဒီလောက်ကြီးမားတဲ့ ဆည်ကြီးတွေ ဆောက်ရာမှာ ကုန်ကျစားရိတ်က ခန့်မှန်းတာထက်ပိုများတတ်၊ ဆောက်လုပ်ရေးကာလက ခန့်မှန်းတာထက် ပိုကြာမြင့်တတ်ပြီး ထွက်လာတဲ့ လျှပ်စစ်ဓာတ်အားကလဲ မျှော်လင့်တာထက် ပိုနည်းတတ်တယ် ဆိုတာ နိုင်ငံတကာ ဆည်များရဲ့ အတွေ့အကြုံအရ သိနေရပါတယ်၊ လက်တင်အမေရိကတိုက်က အာဂျင်တီးနား နိုင်ငံနဲ့ ပါရာဂွေးနိုင်ငံ နှစ်ခုကြားမှာ ဆောက် ထားတဲ့ ရေခရီတာဆည် ကြီး (The Yacyreta Dam) ကို နမူနာပေးချင်ပါတယ်၊ အဲဒီဆည်ကြီးကို အာဂျင်တီးနားသမ္မတဟောင်း ကာလို့စ်မီနန် (Carlos Menem) က "အလွဲသုံးစားလုပ်မှုများ၏ အထိန်းအမှတ် မှတ်တိုင်ံကြီး" (Monument to Corruption) လို့ အမည်ပေးခဲ့ပါတယ်၊ ဆောက်လုပ်ရေးကုန်ကျစားရိတ်က မူလခန့်မှန်းထားတဲ့ ဒေါ်လာ သန်းပေါင်း နှစ်ထောင့်ခုနှစ်ရာ ထက်အဆများစွာပိုပြီး ဒေါ်လာ သန်းပေါင်း တစ်သောင်းတစ်ထောင့်ငါးရာ ကုန်ကျခဲ့ပါတယ်၊ ဆောက်လုပ်ချိန်ကာလကလဲ သတ်မှတ်ထားတာထက် ပိုကြာပြီး ၁၉၈၃ ကစတာ ၁၉၉၄ ကျမှပြီးပါတယ်၊ လျှပ်စစ်ဓာတ်အား တနှစ်ကို မီဂါဝတ် ၃၁၀၀ ထုတ်ဖို့ ရည်ရွယ်ထားတာမို့ မြစ်ဆုံဆည်ရဲ့ တဝက်လောက်ပဲ ရှိပါတယ်၊ ဒါပေမည့် လုပ်ငန်းစတင်လည်ပါတ်တဲ့ ၁၉၉၄ ကစပြီး ဒီနှစ် ၂၀၁၁ ခုနှစ်အထိ မျှော်လင့်ထားတဲ့ လျှပ်စစ်ပမာဏရဲ့ ၆၀ ရာခိုင်နှုံးပဲ နှစ်စဉ်ထုတ်လုပ်နိုင်ပါတယ်၊ နောက်လဲ တိုးလာနိုင်စရာမရှိပဲ ဆက်ပြီး လျော့သွားဖို့ပဲ ရှိပါတယ်၊ ဒါဟာဖြင့် မှန်းချေနဲ့ မကိုက်တတ်တဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ဆည်ကြီးများရဲ့ ထင်ရှားတဲ့ နမူနာတခုပါ၊

ဒီဥပမာ နဲ့အခြားသော အတွေ့အကြုံများအရ ဖြစ်နိုင်ခြေပိုများတာက မြစ်ဆုံဆည်အပါအဝင် ကချင်ပြည်နယ်မှာ ဆောက်နေတဲ့ ဆည်ကြီးများဟာ ခန့်မှန်းတာထက်ပိုပြီး ကုန်ကျနိုင်တယ်၊ဆောက်လုပ်ချိန်ကာလလဲ ပိုကြာနိုင်တယ်၊ ပြီးတော့ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ပမာဏကလဲ ခန့်မှန်းတာထက် နည်းနိုင်ပါတယ်၊ ဒါကြောင့် မစ္စတာ လီ ပြောနေတဲ့ အကျိုးအမြတ်တွေဟာ အပြည့်အဝတကယ်ဖြစ်လာဖို့ မသေချာလှပါ၊ နောက်တချက်က ဆည်တွေရဲ့ သက်တမ်းပါ၊ ဆည်တွေအားလုံးမှာ အလုပ်လုပ်နိုင်စွမ်း (လျှပ်စစ်ဓာတ်အားထုတ်နိုင်စွမ်း) သက်တမ်းရှိပြီး အဲဒီသက်တမ်းဟာ အနှစ် ၅၀ ထက်မပိုနိုင်ပါ၊မြစ်ရဲ့ အဖျားကနေ စီးလာတဲ့ ရေတွေကို ဆည်ကြီး နဲ့ ပိတ်ဆို့ဟန့်တားပြီး ရေလှောင်ကန်ကြီးထဲမှာ စုစည်းထိန်းသိမ်းလိုက်တဲ့အချိန်မှာ ရေတွေမက ရေနဲ့အတူမျောပါ လာတဲ့ နုံးတွေ၊ ရွှံ့တွေပါ ရေလှောင်ကန်ကြီးထဲ ပိတ်မိနေကြတာပါ၊ အဲဒီ နုံးတွေ၊ ရွှံ့တွေ က ရေလှောင်ကန်ကြီးရဲ့ ကြမ်းပြင်မှာ သွားစုပုံကြပါတယ်၊ ရေလှောင်ကန်ရဲ့ ကြမ်းပြင်က ရေထုတ်တံခါးကြီးများရှိတဲ့ အမြင့်ထက်ထက် အများကြီး ပိုနက်တာမို့ ဒီနုံးတွေဟာ ရေတွေလို ရေထုတ်ပေါက်ကနေ မြစ်အောက်ပိုင်းကို စီးမျောနိုင်စွမ်းမရှိပါ၊ ဒီလိုနဲ့ နှစ်တွေကြာလာတာနဲ့ အမျှ ရေလှောင်ကန်ကြမ်းပြင်ဟာ နှစ်ပေါင်းများစွာစုပုံလာတဲ့ နုံးများကြောင့် မြင့်တက်လာပြီး ကန်ထဲမှာ လှောင်ထားနိုင်တဲ့ ရေပမာဏက ပို နည်းလာပါတယ်၊ ရေလှောင်ကန်ထဲ မှာ ရေနည်းတဲ့ အတွက် လျှပ်စစ်ဓာတ်အားထုတ်နိုင်တဲ့ ပမာဏ လျော့နည်းလာပြီး လုံးဝ ဒါမှမဟုတ် စီးပွါးရေးအရ အကျိုးအမြတ်ရှိအောင် မထုတ်နိုင်တဲ့အချိန်မှာ အဲဒီ ဆည်ရဲ့ သက်တမ်းကုန်ပါတယ်၊ ဒီတော့ မစ္စတာလီ ပြောသလို အနှစ် ၅၀ ပြီးလို့ တရုတ်အစိုးရက အဲဒီ ဆည်ကြီးတွေကို မြန်မာနိုင်ငံကို အခမဲ့ လွှဲပေးတဲ့အခါမှာ ကျနော်တို့ ရမှာက နုံးတွေ၊ ခြင်တွေပြည့်နေတဲ့ လူလုပ်အမှိုက်ကန်ကြီးတွေပဲ ဖြစ်နေပါလိမ့်မယ်၊

မစ္စတာ လီ ကပြောပါသေးတယ်၊အခုလက်ရှိမှာ ကချင်ပြည်နယ်က ဆည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ အလုပ်သမားပေါင်း ၄၈၁၉ ယောက် လုပ်ကိုင်နေကြပြီး အဲဒီအထဲက ၁၄၄၀ ဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ဆိုပါတယ်၊ ဒါပေမည့် ကျနော်တို့မြန်မာနိုင်ငံသားတွေ ဘယ်လိုအလုပ်မျိုးလုပ်ကိုင်နေရတယ် ဆိုတာတော့ သူကမပြောပါ၊ သူမပြောပေမည့်လဲ အလွယ်တကူမှန်းဆနိုင်ပါတယ်၊ မြေကျင်းတူး၊ ကျောက်ထု၊ အမှိုက်သိမ်း၊ စတဲ့ အခြေခံအလုပ်ကြမ်းတွေပဲ ဖြစ်ပြီး ရမည့်လုပ်အားခကလဲ တရုပ်အလုပ်သမားများထက်အဆမတန်နည်းပါလိမ့်မယ်၊ သူပြောမှပဲ သိရတာက အခုအချိန်မှာ တရုတ်အလုပ်သမားပေါင်း သုံးထောင်ကျော်ဟာ ကချင်ပြည်နယ်အတွင်းမှာ ဝင်ရောက်လုပ်ကိုင်နေကြပြီး အဲဒီအရေအတွက်ဟာ လေးသောင်းအထိ လာမည့်နှစ်များမှာ တိုးလာမယ်လို့ သိရပါတယ်၊ ဒေသခံပြည်သူတွေရဲ့ စကား၊ ယဉ်ကျေးမှုကို နားမလည်တဲ့ နိုင်ငံခြားသားတွေ သောင်းနဲ့ ချီပြီး ကချင်ပြည်နယ်အတွင်းကို ကျူးကျော်ဝင်ရောက်ပြီး ကချင်လူမျိုးများရဲ့ အမြတ်တနိုးထားရာ မြစ်ဆုံ၊ အမြဲစိမ်းသစ်တောကြီးတွေ၊ အဘိုးတန် တောင်မြင့်မားကြီးတွေ၊ လှပတဲ့ လွင်ပြင်ကျယ်ကြီးတွေကို ဖျက်ဆီးနေကြတာဟာဖြင့် ဒေသခံ ကချင်ပြည်သူများအတွက် ကြီးမားတဲ့ သက်ရောက်မှုကြီးဖြစ်ပါလိမ့်မယ်၊


(၄) မတူညီသော စံနှုံးများ

မစ္စတာ လီ ကပြောပါတယ်၊ သူတို့ တရုတ်အစိုးရက ပြဌန်းထားတဲ့ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေးလုပ်ငန်းများဆိုင်ရာ စံချိန်စံညွှန်းတွေဟာ (The Chinese Standards) ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံး၊ အဆင့်အတန်းအမြင့်ဆုံး စံချိန်စံညွှန်းများ ဖြစ်တယ်လို့ ဝင့်ကြွားပြီး မြန်မာနိုင်ငံတွင်းမှာ တရုတ်အစိုးရဆောင်ရွက်နေတဲ့ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ စီမံကိန်းရေးဆွဲတာ၊ ဒီဇိုင်းရေးဆွဲတာက စလို့ တည်ဆောက်ရေးလုပ်ငန်းများအထိ တရုတ်နိုင်ငံရဲ့ (The Chinese Standards) စံချိန်စံညွှန်းများအတိုင်း အတိအကျကျင့်သုံးနေပါတယ် လို့ပြောပါတယ်၊ ဒီတော့ သူပြောသလို တကယ်ဟုတ်၊ မဟုတ် ဆန်းစစ်ကြည့်ကြရအောင်ပါ၊

၂၀၀၃ ခုနှစ် စက်တင်ဘာလမှာ တရုတ်ပြည်သူ့လွှတ်တော်ကနေ သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာသုံးသပ်ရေး ဥပဒေ (The Environmental Impact Assessment Law) ကို ပြဋ္ဌန်းခဲ့ပါတယ်၊အဲဒီ ဥပဒေအရ တရုတ်အစိုးရရဲ့ စီးပွါးရေးအဖွဲ့အစည်း အားလုံးဟာ ရည်ရွယ်ထားတဲ့ စီမံကိန်းလုပ်ငန်းကြီးများကို အကောင်အထည်မဖော်မီ သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာသုံးသပ်ခြင်း (Environmental Impact Assessment) ကို မဖြစ်မနေပြုလုပ်ရမှာဖြစ်ပါတယ်၊ ပြီးရင် အဲဒီ သုံးသပ်ချက်အစီရင်ခံစာ (EIA) ကို သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီးဌာန (Ministry of Environmental Protection) (MEP) ကိုတင်ပြပြီး ဝန်ကြီးဌာနက လက်ခံအတည်ပြုမှ လုပ်ငန်းများစတင်အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်၊
တခါ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှာ MEP ဝန်ကြီးဌာနက သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုများ လေ့လာသုံးသပ်ရာမှာ ပြည်သူလူထုရဲ့ ပါဝင်မှု အတွက်လမ်းညွှန်ချက်များ (Provisional Measures for Public Participation in Environmental Impact Assessment) ကိုထုတ်ပြန်ညွှန်ကြားခဲ့ပါတယ်၊ အဲဒီညွှန်ကြားချက်တွေထဲမှာ EIA အတွက် စုံစမ်းစစ်ဆေးမှုများလုပ်ရာမှာ လုပ်ငန်းသဘာဝကို လူထုကို အသိပေးရှင်းပြဖို့၊ လူထုရဲ့ အကြံပြုချက်တွေကို ဖိတ်ခေါ်ဖို့၊ ဘယ်သူတွေပါဝင်သင့်တယ်၊ ဘယ်လိုနည်းလမ်းတွေသုံးပြီး လူထုထံရောက်အောင်ဆောင်ရွက်ရမယ် (လူထုကြားနာပွဲများ၊ အကြံပြုချက်တောင်းခံခြင်းများ၊ ဆွေးနွေးပွဲများ၊ ကျွမ်းကျင်သူများပါဝင်တဲ့ စာတမ်းဖတ်ပွဲများ)၊ နဲ့ လူထုရဲ့ အကြံပြုချက်၊ တင်ပြချက်၊ စိုးရိမ်မှုတွေကို EIA အစီရင်ခံစာထဲမှာ ဘယ်လိုပေါင်းစပ်ဖော်ပြရမည် ဆိုတာတွေကို အသေးစိတ်ညွှန်ကြားထားပါတယ်၊

ဆိုတော့ ဒီစံချိန်စံညွှန်း (The Chinese Standards) တွေဟာ မဆိုးဘူးလို့ ယူဆရမှာပါ၊ ဒါပေမည့် အဲဒီ စံချိန်စံညွှန်းတွေကို မြန်မာနိုင်ငံတွင်းက တရုတ်ဆည်တည်ဆောက်ရေးလုပ်ငန်းများမှာ ကျင့်သုံးခဲ့တယ်ဆိုတဲ့အထောက်အထား တခုမှမတွေ့ရပါဘူး၊ မြန်မာပညာရှင်တွေ ရဲ့ EIA ကို တရုတ်အစိုးရက ချောင်ထိုးထားခဲ့ပြီး မြန်မာပညာရှင်များရဲ့ အကြံပြုချက်တွေကိုလဲ ဥပေက္ခာပြုခဲ့ပါတယ်၊BANCA ရဲ့ EIA အစီရင်ခံစာတင်မက မြန်မာအစိုးရနဲ့ တရုတ်အစိုးရကြားချုပ်ဆိုထားတဲ့ စာချုပ်စာတမ်းတွေ၊ အကျိုးစီးပွါးခွဲဝေရေး သဘောတူညီချက်တွေ၊ စီမံကိန်း အသေးစိတ် တွေကိုလဲ အများပြည်သူမသိရှိအောင် လုပ်ငန်းလျှို့ဝှက်ချက် (Trade Secrets) များအဖြစ်ဖုံးကွယ်ထားကြပါတယ်၊ ဆည်ဆောက်လုပ်ရေး စီမံကိန်းကြီးများအကြောင်း လူထုကို ကြိုတင်ရှင်းပြတာ၊ လူထုရဲ့အကြံပြုချက်တွေတောင်းခံတာ၊ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ ပါတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တိုင်းရင်းသားအရေး ကျွမ်းကျင်သူပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်တာတွေအားလုံး လုပ်ငန်းမစခင်မှာ ဆောင်ရွက်ခြင်းမရှိခဲ့ပါ၊ မြန်မာပြည်သူတွေက ကချင်ပြည်နယ်မှာ တရုတ်ဆည်ကြီးတွေ ဆောက်မည့်အကြောင်းကို အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာက ၂၀၀၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှာတရုတ်၊မြန်မာ ကိုယ်စားလှယ်များ နှစ်နိုင်ငံနားလည်မှုစာချွန်လွှာလက်မှတ်ထိုးတဲ့ သတင်းကို ဖော်ပြတော့မှပဲ ဝိုးတိုးဝါးတား သိကြရတာပါ၊

မဲခေါင်မြစ်ကော်မရှင် (Mekong River Commission) က သတ်မှတ်ထားပါတယ်၊ ပြီးပြည့်စုံတဲ့ Environmental Impact Assessment (EIA) မှာပါတ်ဝန်းကျင်အကျိုးသက်ရောက်မှု လေ့လာသုံးသပ်ချက် ၁၀ ခုရှိရပါမယ်၊ အဲဒါတွေက (၁) မြစ်ဝှမ်းနဲ့ မြစ်ညာဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက် (Basin and Catchment Ecosystems and Habitats); (၂) မြစ်ရေစီးဆင်းမှုနှင့် ရေအနက်တိုင်းတာသုံးသပ်ချက် (River Flows and Water Levels); (၃) ရေလွှမ်းမိုးမှုသဘာဝ သုံးသပ်ချက်၊(Flooding Patterns) ;(၄) အနိမ့်ပိုင်း ရေမြုတ်ဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်၊(Wetlands Ecosystems and Habitats); (၅) ဆည်မြောင်းရေသွင်းစနစ် စိုက်ပျိုးရေးလုပ်ငန်းများဆိုင်ရာ သုံးသပ်ချက်၊(Irrigated Agriculture); (၆) အိမ်နှင့် စက်မှုလုပ်ငန်းများတွင် မြစ်ရေသုံးစွဲမှုနှင့် ဆက်နွယ်သော လူဦးရေ တိုးတက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်၊(Population Growth in Relation to Domestic and Industrial Water Use); (၇) ရေ၏အရည်အသွေးဆိုင်ရာ လေ့လာသုံးသပ်ချက် (နုံးမြေလျော့နည်းမှုအပါအဝင်)၊ (Water Quality, including Suspended Sediments); (၈) မြစ်ဝကျွန်းပေါ်တွင် ဆားငံရေဝင်ရောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက်၊ (Saline Intrusion in River Delta); (၉) မြစ်ကမ်းပါးများပြိုကျခြင်းနှင့် နုံးများပို့ချခြင်းဆိုင်ရာ လေ့လာသုံးသပ်ချက်၊(Riverbank Erosion and Sedimentation/Channel Erosion); နဲ့ (၁၀) မြစ်ဝှမ်းအနိမ့်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်မှာ ရေလွှမ်းမိုးမှု စီမံခံ့ခွဲခြင်းဆိုင်ရာ လေ့လာသုံးသပ်ချက်၊ (Flood Management in the Lower Basin and Delta); များဖြစ်ကြပါတယ်၊ BANCA နဲ့ တရုတ်ပညာရှင်များ စုံစမ်းတင်ပြခဲ့တဲ့ EIA ဟာ အထက်ဖော်ပြပါ အဆင့်တွေထဲကပထအဆင့် မြစ်ကြီး နားမြို့အထက် မြစ်ဝှမ်းနဲ့ မြစ်ညာဒေသ သက်ရှိများတည်ရှိမှုနှင့် ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ လေ့လာသုံးသပ်ချက် သာဖြစ်ပါတယ်၊ နောက်ထပ်ဆောင်ရွက်ရမည့် လေ့လာသုံးသပ်မှုတွေ အများကြီးကျန်နေပါသေးတယ်၊

မစ္စတာ လီ ကပြောပါတယ်၊ အခုဆိုရင်CPIYN က ဧရာဝတီ မြစ်အောက်ပိုင်းမှာ အထူးလေ့လာမှုတွေ စတင်ဆောင်ရွက်နေပါပြီ တဲ့၊ သူပြောတဲ့ လေ့လာမှုတွေက မြစ်အောက်ပိုင်းဒေသမှာ မြစ်ရေစီးဆင်းမှု၊ သုံးစွဲမှုအပေါ် သက်ရောက်မှု၊ မြစ်ခွဲ၊ မြစ်လက်တက်များ၏ ဖွဲ့စည်းဖြစ်ပေါ်မှုအပေါ်သက်ရောက်မှု၊ မြစ်အောက်ပိုင်းမှာတည်ရှိတဲ့ သက်ရှိ၊ သက်မဲ့များရဲ့ တည်ရှိမှုအပေါ်သက်ရောက်မှု၊ နဲ့ မြစ်အောက်ပိုင်း ရေအရင်းအမြစ်ခွဲဝေသုံးစွဲမှုအပေါ် သက်ရောက်မှုတွေ ဖြစ်ပါတယ်၊ နောက်ကျနေပါပြီ၊ ဒီလေ့လာမှုတွေကို ဆည်ကြီးမဆောက်ခင်ကထဲက လုပ်ရမှာပါ၊ ဒီလေ့လာမှုတွေအားလုံးကို ပေါင်းခြုံပြီး၊ လူထုရဲ့ အသံတွေနဲ့ ပေါင်းစပ်၊ မျှမျှတတစဉ်းစားပြီးမှ ဆည်ကြီး ဆောက်သင့်၊ မဆောက်သင့် ဆုံးဖြတ်ရမှာပါ၊


(၇) အဆုံးအဖြတ်ပေးရမည့် အချိန်ရောက်ပြီ

မြန်မာပြည်သူတွေဟာ အရင်ကလို အမှောင်ထဲမှာ မဟုတ်တော့ပါဘူး၊ သူတို့ဟာ ကချင်ပြည်နယ်အတွင်းမှာ မြစ်ဆုံဆည်အပါအဝင် တရုတ်ဆည်ကြီးများ တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်တွေကို ကောင်းကောင်းသိမြင်လာကြပါပြီ၊ ဒူးဝါး ဇော်ဂမ်အပါအဝင် ကချင်ပြည်သူတွေဟာလဲ သူတို့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကျူးကျော်သူ နိုင်ငံခြားသားတွေ ဖျက်ဆီးမည့် ရန်က ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားကြသူတွေပါ၊ မြန်မာပြည်သူတရပ်လုံးက သူတို့ နိုးနိုးကြားကြား၊ သတိရှိရှိ နဲ့ မကန့်ကွက် မတားဆီးကြရင် သူတို့ချစ်တဲ့ ဧရာဝတီမြစ်ကြီးကို ထာဝရဆုံးရှုံးရလိမ့်မယ်ဆိုတာ သဘောပေါက်နေကြပါပြီ၊

ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့၊ အတိတ်၊ ပစ္စုပ္ပန်၊အနာဂတ် ကာလသုံးပါးစလုံးက မြန်မာပြည်သူတွေရဲ့ အသက်သွေးကြောကြီးပါ၊ အမေရိကန်နိုင်ငံက နယူးယောက်မြို့တော်ကြီးလောက် ပမာဏ ရှိတဲ့ ဆည်ကြီးကို ဧရာဝတီ ရဲ့ မူလအစမှာ တည်ဆောက်ပြီး ဧရာဝတီမြစ်ရေကို ထိန်းချုပ်ကန့်သတ်ခြင်းဟာ မိုင် ၁၃၀၀ ကျော်ရှည်လျားတဲ့ ဧရာဝတီမြစ်ကြောင်းတလျှောက် မြန်မာနိုင်ငံရဲ့ ခရီးသွားလာရေး၊ ကုန်းစည်ပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်း၊ သက်ရှိသက်မဲ့ တို့ရဲ့ တည်ရှိမှု၊ ရာသီဥတု၊ စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သဘာဝပါတ်ဝန်းကျင်၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အားလုံးအပေါ်မှာ ဆိုးဝါးပြင်းထန်တဲ့ သက်ရောက်မှုကြီးတွေ ဖြစ်ပေါ်စေမှာပါ၊ ကျနော်တို့ အချိန်မီမတားဆီးနိုင်ခဲ့ရင် နောက်အနှစ် ၂၀ လောက်မှာ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့ မြေပုံပေါ်က ပျောက်ကွယ်သွားနိုင်ပါတယ်၊ မြန်မာပြည်သူအားလုံးက ဧရာဝတီကို ကာကွယ်ရေးဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ အမျိုးသားရေးတာဝန်ကြီးတရပ်အဖြစ် သဘောပေါက်နေကြပါပြီ၊ သူတို့အားလုံး အစွမ်းကုန်ကြိုးစားပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားအထိန်းအမှတ်၊ အမျိုးသားအမွေအနှစ်၊ အမျိုးသားရတနာ မိခင် ဧရာဝတီကို ကာကွယ်ကြ၊ ကယ်တင်ကြပါလိမ့်မယ်၊

အခုအချိန်ကတော့ သမ္မတ ဦးသိန်းစိန် အစိုးရအတွက် အဆုံးအဖြတ် တခု ပြတ်ပြတ်သားသားချမှတ်ရမည့် အချိန်ပါ၊ လူထုရဲ့ မြစ်ဆုံဆည်ကြီးဆောက်လုပ်ရေးနဲ့ ပါတ်သက်ပြီး အင်အားပြင်းထန်တဲ့ မကျေနပ်မှု၊ ကန့်ကွက်မှုတွေကို သူတို့ နေ့စဉ်ကြားနေရပါပြီ၊ မြန်မာလူထု ရဲ့ တရုတ်အစိုးရအပေါ်မုန်းတီးမှုတွေ၊ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ က တနေ့တခြားပိုကြီးမားလာနေတယ်ဆိုတာကိုလဲ သူတို့ သဘောပေါက်နေကြပါပြီ၊ အစိုးရအဖွဲ့ထဲက ဝန်ကြီးအချို့က သူတို့ဟာ ပြည်သူတွေရဲ့ ကိုယ်စားလှယ်များဖြစ်တာကြောင့်၊ ပြည်သူတွေရဲ့ ဆန္ဒကို လက်ခံမယ် လို့ အရိပ်အယောင်ပြတာတွေ လဲ တွေ့နေရပါပြီ၊ တချိန်ထဲမှာ အစိုးရခေါင်းဆောင်အချို့က လူထုအသံကို အရင်ကလိုပဲ မျက်ကွယ်ပြုပြီး ဘယ်သူတွေက ဘယ်လိုပဲ ကန့်ကွက်ပစေ၊ မြစ်ဆုံဆည်ကြီးကို ပြီးအောင်ဆက်ဆောက်မယ်လို့ ကြုံးဝါးနေတာလဲ ကြားနေရပါတယ်၊ အဲဒီ ဝန်ကြီးတွေကတော့ တရုတ်အစိုးရငြိုငြင်မှာကို အကြီးအကျယ်စိုးရိမ်တဲ့၊ ဒီစီမံကိန်းကြီးကနေ သူတို့ခံစားနေရတဲ့ ပုဂ္ဂလိကအကျိုးစီးပွါးတွေကို မစွန့်လွှတ်နိုင်ကြတဲ့ လူတွေဖြစ်ပါလိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဦးသိန်းစိန်အစိုးရအနေနဲ့ လူထုအကျိုးစီးပွါးကို ငဲ့ပြီး၊ လူထုအသံကို နားထောင်ပြီး မြစ်ဆုံဆည်တည်ဆောက်ရေးလုပ်ငန်းကြီးကို ရပ်တန့်ဖျက်သိမ်းမလား၊ ဒါမှမဟုတ် တရုတ်အစိုးရရဲ့ အကျိုးစီးပွါးကို ဦးထိပ်ပန်ဆင်ပြီး၊ တရုတ်အစိုးရရဲ့ လက်အောက်ခံဘဝမှာ ဆက်လက်ပျော်မွေ့ပြီး မြစ်ဆုံဆည်ကြီးကို ဆက်ဆောက်မှာလား၊ ဆုံးဖြတ်ချက်ချတခုကို ပြတ်ပြတ်သားသားချရမည့် အချိန်ကို ရောက်နေပါပြီ၊

တရုတ်တို့ ဗမာပြည်ကို သိမ်းပိုက်တော့မည်လော....































တရုတ်တို့ ဗမာပြည်ကို သိမ်းပိုက်တော့မည်လော....
အမျိုးသားရေးအသိဖြင့် လူမျိုးမပျောက်အောင် ကာကွယ်ကြပါ။

မြစ်ဆုံရေကာတာ ကျိုးပေါက်လျှင်

ဒေါ်အောင်ဆန်းစုကြည်၏အမြင်တခု


♥۩۞۩♥ မြစ်ဆုံရေကာတာ ကျိုးပေါက်လျှင် ♥۩۞۩♥

♥۩۞۩♥(ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဂူ)♥۩۞۩♥

ရေကာတာ ကျိုးပေါက်လျှင် မြစ်ကြီးနားမြို့တွင် ရေလှိုင်းအမြင့် ပေ ၄၀၀၊ ဗန်းမော်မြို့တွင် ရေလှိုင်းအမြင့် ပေ ၃၀၀၊စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း ဒေသကြီးများတွင် ရေလှိုင်းအမြင့် ပေ ၂၀၀ မှ ၁၅၀၊ ပဲခူး ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီးများတွင် ရေလှိုင်းအမြင့် ပေ ၁၀၀ မှ ၅၀ ရှိနိုင်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနစ်ခုသာ လွတ်နိုင်ပါသည်။

တရုတ် ကုမ္မဏီများသည် မလိခနှင့် မေခမြစ်၏ ပတ်ဝန်းကျင် မိုင် ၄၀ စီ စုစုပေါင်း မိုင် ၁၈၀ ကျော်ခန့် အတွင်းရှိရေဝပ် ဧရိယာ အားလုံးမှ သစ်၊ ဝါး၊ မြေပေါ်၊ မြေအောက် အဖိုးတန် သယံဇာတ သတ္တုအားလုံး ရှင်းလင်း ထုတ်ယူ၍တရုတ်ပြည်သို့ ယူဆောင် သွားသည် မှာ နှစ်နှစ်မြောက်ရှိပြီ ဖြစ်ပါသည်။

ကျွန်တော်တို့ နိုင်ငံသည် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီးဆီသို့ တက်လှမ်းနေပြီဖြစ်ပါသဖြင့် အထက်ပါ အကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေသော ရေကာတာကြီး ဆက်လက် တည်ဆောက်ရန်သင့်မသင့် ဆန္ဒ ခံယူသင့်ကြောင်း တင်ပြအပ်ပါသည်။

♥۩۞۩♥(ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဂူ မှ ၁၇.၉. ၁၁ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားချက်)♥۩۞۩♥

'♥۩۞۩♥ အသားထဲကလောက်များ ♥۩۞۩♥

အောက်ပြည်မှာ နာဂစ်

အရှေ့ ဆီမှာစစ်ပွဲ

အနောက်စူးစူးထဲမှာ ဂီရိ

မြောက်ဘက်ကြည့်တော့ တိုက်ပွဲများ

နယ်စပ်အားလုံးမှာ ဒုက္ခသည်တွေ

လူငယ်လူရွယ်တွေ ကမ္ဘာပတ်ကျွန်ခံနေရ

အလယ်မှာက ရေကြီး

ငလျှင်ကြီးတွေလှုပ်

သည်ဒုက္ခပင်လယ်ကြီးထဲမှာ

အမိဧရာဝတီဟာ လည်မျိုညှစ်ခံနေရ ......

ငါ့တိုင်းပြည်ဘ၀ဆိုး

သူခိုးကိုဓါးရိုးကမ်းလို့ 

နောင်ပြင်ဖို့ ခက်တဲ့စာချုပ်များ

အသားထဲကလောက်များကြောင့်။ ..... ။

♥۩۞۩♥ လှိုင်ဘွား / ၈၈ ♥۩۞۩♥

ရွှေတြိဂံမှသင်္ဘောတစီး ပစ်ခတ်ခံရ

သန်းထိုက်ဦး Thursday, 22 September 2011 16:55


လက်နက်ကိုင်တစုက ရွှေတြိဂံ ဒေသ မဲခေါင်မြစ်အတွင်း ခုတ်မောင်းနေသည့် ကုန်တင်သင်္ဘော တစီးကို ယမန်နေ့ညက တိုက်ခိုက်သဖြင့် သင်္ဘောပေါ်ရှိ မြန်မာပြည်သား ၄ ဦး ဒဏ်ရာ ရရှိသွားသည်။















သင်္ဘောပေါ်တွင် ပစ်ခတ်ခံရပြီး ချင်းစန်မြို့ ဆေးရုံသို့ရောက်ရှိသွားသော မြန်မာပြည်သားတဦး (ဓာတ်ပုံ- krobkruakao.com)

ဒဏ်ရာရရှိသူများသည် အသက် ၃၀ ခန့် အရွယ်ရှိပြီး ရှမ်းတိုင်းရင်းသားများ ဖြစ်ပြီး ယခုအခါ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် ဆေးရုံတခုတွင် ရောက်ရှိနေသည်။

“၃ ယောက်ကတော့ ချင်းစန် ဆေးရုံမှာ ကုသနေပါတယ်၊ ကျန်တဲ့ တယောက်ကတော့ သူရဲ့ တင်ပါးက ကျည်ဆံကို ခွဲစိတ်ဖို့ အတွက် ချင်းရိုင်မြို့နယ်က ဆေးရုံမှာ ပို့ထားပါတယ်” ဟု ချင်းစန်မြို့နယ် ရဲစခန်းမှ တာဝန်ကျရဲသားတဦးက ဧရာဝတီသို့ ပြောသည်။
ကုန်တင်သင်္ဘောသည် တရုတ် နိုင်ငံမှဖြစ်ပြီး တိုက်ခိုက်ခံရသည့် အကြောင်းရင်းကို မသိရသေးပေ။
ပစ်ခတ်သူတို့မှာ ယင်းဒေသတွင် လှုပ်ရှားနေသည့် မူးယစ်ရာဇာ နော်ခမ်း၏ အဖွဲ့များ ဖြစ်နိုင်သည်ဟု ထိုင်းနှင့် မြန်မာ ဒေသခံ အာဏာပိုင်များ၊ ထိုင်းသတင်းသမားများက သုံးသပ် နေကြသည်။

၂၀၁၀ ဖေဖော်ဝါရီလက မဲခေါင်မြစ်အတွင်း နော်ခမ်း၏ တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုကြောင့် တာချီလိတ်မြို့နယ် ရဲစခန်းမှူး ဦးခင်မောင်ရင် အပါအ၀င် တပ်သား ၁၅ ဦး သေဆုံးခဲ့သည်။
ရှမ်းတိုင်းရင်းသား တဦးဖြစ်သည့် နော်ခမ်းသည် ရွှေတြိဂံ ဒေသတွင် မူးယစ် ဆေးကုန်ကူးနေသူဟု ကျော်ကြားပြီး မြန်မာ၊ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများက အလိုရှိနေသူ ဖြစ်ကြောင်း သိရသည်။

နော်ခမ်းသည် ၁၉၉၆ ခုနှစ်တွင် လက်နက်ချခဲ့သော ဦးခွန်ဆာ ခေါင်းဆာင်သည့် မော်ထိုင်း တပ်မတော်(MTA) တပ်ဖွဲ့ဝင်ဟောင်း ဖြစ်သည်။
၂၀၀၆ ခုနှစ်မှ စတင်၍ လက်နက်ကိုင်ပြီး ရွှေတြိဂံနယ်မြေ၌ ပြန်လည် လှုပ်ရှားခဲ့ကြောင်း သိရသည်။ သူ၏တပ်ဖွဲ့ကို လားဟူ၊ ရှမ်း တိုင်းရင်းသားတို့နှင့် ဖွဲ့စည်းထားသည်ဟု ဆိုသည်။

မူးယစ်ဆေးဝါးများကို ရွှေတြိဂံဟု ထင်ရှားသော ထိုင်း၊ မြန်မာ၊ လာအို သုံးနိုင်ငံနယ်စပ် အထူးသဖြင့် ရှမ်းပြည်နယ် အတွင်းရှိ တချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ထုတ်လုပ်နေကြပြီး ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင် ရောင်းချမှုများလည်း ရှိကြောင်း သတင်းဖော်ပြချက်များ အရ သိရှိရသည်။

http://www.irrawaddymedia.com/bur/index.php/news/7393-2011-09-22-10-00-25

Burma Democratic Concern (BDC) Save Irrawaddy Campaign Music Video

Burma Democratic Concern (BDC) Director Myo Thein Speech on 23 Anniversary of Military Coup in Burma

အမျိုးသားရင်ကြားစေ့ရေးအတွက် ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း ဖျက်သိမ်းရေး


မိခင်ဧရာဝတီမြစ်ကြီးကို ကာကွယ်စောင့်ရှောက်ကြပါစို့


တရုတ်တို့ဟာ မြန်မာပြည်ကို စီးပွါးရေး၊နိုင်ငံရေး နဲ့ လူမူရေးတွေမှာ နှစ်ပေါင်းများစွာ လွှမ်းမိုးနေခဲ့ကြတာ ကာလအတော်ကြာမြင့်ခဲ့ပါပြီ။ အခုလည်း မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးကို ဖျက်စီးပြီး စီးပွါးရေးအရ ဂုတ်သွေးစုပ်ဖို့ ကြိုးစားလုပ်ဆောင်နေကြပါတယ်။ လက်ရှိတည်ဆောက်နေကြတဲ့ ဒီဧရာဝတီမြစ်ဆုံဆည်စီမံကိန်းဟာအများထင်သလို မျိုး မြစ်ရေကိုရောင်းစားတာ ထက်၊ တရုတ်က ကျွန်တော်တို့မြန်မာ့မြေပေါ်မှာ လူပါးဝစော်ကားခြင်းတစ်မျိုးပါပဲ။ စာဖတ်သူတို့အသေအချာ စဉ်းစားကြည့်ပါ။ တရုတ်က ဒီဧရာဝတီမြစ်ဆုံဆည်ကို ဆောက်မယ်၊ ရလာတဲ့ လျှပ်စစ်ကို မြန်မာဘက်က ၁၀% ဘဲရမယ်။ ပြီးတော့ လျှပ်စစ်ထုတ်လုတ်မူရဲ့ အမြတ်အစွန်းကိုလည်းအားလုံးရမှာ မဟုတ်ဘဲနဲ့ ၁၅% ဘဲရမှာပါ။ ဒီကြားထဲ ၅% ကို ကြားပွဲစား သီဟသူရတင်အောင်မြင့်ဦးနဲ့ ထွန်းမြင့်နိုင် (Asia World)တို့က ဖြတ်ယူအုံးမယ် ဆိုတော့ နိုင်ငံတော်အတွက် အမြတ်အစွန်းကဘာကျန်တော့မှာလဲ။ နှစ်၃၀ လျှပ်စစ်ထုတ်လုတ်မူပြီးရင် သုံးစား လို့မရတော့တဲ့ ဆည်ဟောင်းကြီးဘဲကျန်ခဲ့မှာပါ။

အခု တရုတ်က ဝပ်၄၀၀၀ ဓတ်အားကို ဝပ်၆၀၀၀ ထပ်တိုးပြီးတော့ ထုတ်မယ်ဆိုတော့ သဘောက များများ နဲ့ မြန်မြန်နှစ်၃၀ လျှပ်စစ်ထုတ်လုတ်မူပြီးရင် ဂျုံးဂျုံးကျ ဆည်ဟောင်းကြီးဘဲ မြန်မာပြည်ကရမှာပါ။ အဲဒီ့အချိန်ကြရင် ကိုယ်ကို ကိုယ်အသိဆုံး၊ အတတ်ဆုံးလို့ကြွေးကြော်ခဲ့တဲ့ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းတို့လည်း မသာပေါ်လောက်ပါပြီ။ ဒါဗေမဲ့ ဧရာဝတီမြစ် ဆုံဆည်ကြောင့် ဖြစ်ပေါ်လာမဲ့ ဒုက္ခဆိုးကျိုးတွေကိုတော့ မြန်မာ လူမျိုးတွေ သားစဉ်မြေးဆက် ဆက်လက်ခံစားရတော့မှာပါ။ ဒီဧရာဝတီမြစ်ဆုံဆည်က နှစ်၃၀ လျှပ်စစ်ထုတ် လုတ်မူရဲ့ ဆိုးကျိုးတွေကတော့ အလွန်များပြားလှပါတယ်။



လူငယ်များရဲ့ ဧရာဝတီ

သဘာဝဂေဟစနစ်များပျက်စီးခြင်း

ဧရာဝတီမြစ်ဆုံဆည်ကြီးဟာ မြစ်ရဲ့အထက်ဘက်မှာ ပိတ်ဆို့တည်ဆောက်ထားမူကြောင့် ပုံမှန်မြစ်ရဲ့ မြေဆီနှစ်တွေဟာ ဆည်ရဲ့အထက်ဘက်မှာဘဲတင်ကျန်ခဲ့ပြီး ဆည်ကြီးရဲ့အောက်ဘက် ကိုတော့ နုံးတွေကိုဆက်လက်မသယ်ဆောင်နိုင်တော့ပါဘူး။ ဒီဖြစ်စဉ်ရဲ့အကျိုးဆက်အဖြစ် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဘက်မှာ နှစ်စဉ်နှစ်တိုင်း မြေစီမြေနှစ်ရရှိမူတွေ၊ မြေသားနု သောင်ထွန်းမူတွေ မရရှိတော့ဘဲ ဆုံးရှုံးသွားမှာပါ။ ထို့အတူ ဧရာဝတီမြစ်ကြီးမှာကျင်လည်ကျက်စားနေထိုင်နေတဲ့ ရေသတ္တဝါတွေလဲ သေကြေ ပျက်စီး သွားတော့ မှာပါ။ ဆည်ရဲ့အောက်ဘက် ပိုင်းကို ပုံမှန်ရေစီးဆင်းမူ အလွန်နည်းသွားသည့်အတွက်ကြောင့် ကွက်လပ်ဖြစ်သွားမဲ့ အရင် ရေဟာနယ်နေရာကိုပင်လယ်ဘက်ကဆားငံရေတွေက နောက်ပြန်တိုးဝင် လာတော့မှာပါ။ အဲဒီ့အခါကြရင် ဧရာဝတီမြစ်ကမ်း တလျှောက် ဒီရေတောတွေ၊ သဘာဝပေါက်ပင်တွေ ပျက်စီး ဆုံးရှုံးမူတွေနဲ့ ရင်ဆိုင်ကျရတော့မှာပါ။ အဲဒီလို ဒီရေတောတွေ ပျက်စီးမူက ဧရာဝတီမြစ်ကမ်းတလျှောက်သာမ က ပတ်ဝန်းကျင်ဒေသတွေအားလုံးကိုပါ ပတ်သက်ဆက်နွယ်ပြီးတော့ ရာသီဥတုဖောက်ပြန်မူဒဏ်ကို ခံစားကြရတော့မှာပါ။

တစတစနဲ့ဧရာဝတီမြစ်ကြီးရဲ့ မြစ်လက်တက်လေးတွေကောလာပြီး၊ နောက်ဆုံးဧရာဝတီမြစ်ကြီး လုံးဝကော သွားပြီးတော့ မြန်မာ့မြေပုံပေါ် ကနေ ပျောက်ကွယ်သွားရတော့မှာပါ။ နောက်တစ်ခုက ဆည် ဟာပြတ်ရွေ့ကြောပေါ်မှာတည် ဆောက်နေ လို့ အချိန်မရွေးငလျှင်ကြီးတွေပေါ်ပေါက်လာနိုင်ပါသေး တယ်။

မြန်မာတွေ နိုးထကြလော့

ဧရာဝတီမြစ်ကိုမှီတင်းနေထိုင်ကျတဲ့ ဒေသခံပြည်သူ၊ပြည်သားတွေရဲ့ဘဝ

မြစ်ကြီးမကောခင်မှာဘဲ အရင်ဆုံး ဒုက္ခဆိုးကျိုးတွေနဲ့တွေ့မှာက ဧရာဝတီမြစ်ကြီးကို အမှီပြုနေထိုင်နေ တဲ့ မြန်မာပြည်သူ သန်း၃၀ပါ။ မြန်မာပြည်ရဲ့ ဝမ်းဗိုက် (ခေါ်) စပါးကျီဒေသဖြစ်တဲ့ ဧရာဝတီ တိုင်းဘက်တွေမှာ ဆားငံရေ ဝင်မူ၊ မြေဆီလွှာ ဆုံးရှုံးမူတွေကြောင့်လယ်ယာမြေဧက ထောင်ပေါင်းများစွာ ဆုံးရှုံးနစ်နာသွားတော့မှာပါ။ ဆည်အောက်ဘက်က ငါးဖန်းလုပ်ငန်းတွေ လည်း ပျက်စီးမယ်၊ နိုင်ငံတော်နဲ့ ပုဂ္ဂလိကပိုင် ရေကြောင်းလုပ်ငန်းတွေလည်း ကမောက်ကမ ဖြစ်သွားတော့မည်။ ဒါတင်မကပါဘူး ဆည်ရဲ့ အထက်ဘက် မြစ်ဆုံဒေသဟာ ကချင်တိုင်းရင်းသားတွေရဲ့ ဘိုးဘွားပိုင်မိရိုးဖလာ အမွေအနှစ်တွေပါ။

အဲဒီဆည်ကြီးဆောက်ပြီးရင် ဒေသဝန်းကျင်တော်တော်များများမှာ ရေတွေလွှမ်းကုန်လို့ ဒေသခံ ကချင်တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမူ သမိုင်းအမွေအနစ်တွေအများကြီးဆုံးရှုံးကွယ်ပျောက် ကုန် တော့မှာပါ။ လက်ရှိ မှာလဲ ဒေသခံ ကချင်တိုင်းရင်းသားတွေ ဟာ သူတို့လက်ရှိနေထိုင်နေကျ တဲ့ ကျေးရွာများမှ အတင်းအဓမ္မဖယ်ရှားခံရလို ဒုက္ခသည်ဘဝကို နေ့ခြင်း၊ ညခြင်း ကူးပြောင်းရောက် ရှိနေရပါတယ်။ ဒါတွေကတော့ ကျွန်တော်တို့မလွဲမသွေ တွေ့ကြုံ ခံစားရမဲ့ မြင်တွေ့ရတဲ့ ဒုက္ခတရားတွေပါ။

ကာတွန်းဟန်လေး၏ "ပိုနေလို့ ရောင်းတာ" မြန်မာပြည်မှာ လျှပ်စစ်ဓါတ်အား (၁၅၀၀) မီဂါဝှပ်ကိုတောင် ကုန်အောင်မသုံးနိုင်ဘူး။ (လျှပ်စစ်ဝန်ကြီးဇော်မင်း)

စိတ်ဖိစီးခံစားမူများနဲ့ မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ဘဝ

တကယ်တော့ ဧရာဝတီမြစ်ဆုံဆည်ကြီးဟာ လုပ်ငန်းလည်ပတ်နေတဲ့ အချိန်ရောက်ရင် ဆည်ရဲ့ရေပြင်နဲ့ ရေထုပမာဏဟာ အမေရိကန်ပြည်ထောင်စုရဲ့ နယူးယောက်မြို့ တစ်မြို့စာလောက် ကိုရှိပါတယ်။ ဆည်ကိုတည်ဆောက်တဲ့ ကုမ္ပဏီကဘယ်လိုဘဲ အာမခံပေးပေး၊ ဆည်ဆိုတာတချိန်ချိန်တော့ ကျိုးပေါက်တတ်ပါတယ်။ ဒီလိုအန္ဒရယ်အရမ်းကြီးတဲ့ ဆည်ကြီးဟာ တစ်ချိန်ချိန် မှာပေါက်ကွဲနိုင်တဲ့ မိုင်းဗုံးတစ်လုံးနဲ့တူပြီးတော့ ဒေသခံကချင်တိုင်းရင်းသားတွေရဲ့ နေ့သလူပ ကျီးလန့်စာစား စိတ်တထင့်ထင့် နဲ့ နေရမဲ့ စိတ်ဒုက္ခခံစားမူတွေကို ကိုယ်ချင်းစာမူပေးသင့်ပါတယ်။ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းတို့၊ သမ္မတကြီးတို့ကိုယ်တိုင် ဒေသခံ ကချင်တိုင်းရင်းသားတွေရဲ့ နေရာမှာဝင်ပြီးတော့ ကိုယ်ချင်း စာမူပေးစေချင် တယ်။ ပြီးတော့ အတင်းအဓမ္မဖယ်ရှားခံရလို ဒုက္ခသည်ဘဝ ကို နေ့ခြင်း၊ ညခြင်း ကူးပြောင်းရောက်ရှိနေရ တဲ့ ဒေသခံကချင်တိုင်းရင်းသားတွေဟာ အိမ်မွေးတိရစ္ဆာန်တွေ မဟုတ်ကြဘဲနဲ့ ခင်ဗျားတို့ လိုဘဲ သက်ရှိလူသားတွေဆိုတာကို မြဲမြဲအမှတ်ရစေချင်ပါတယ်။ မဖြစ်စလောက်အရော်ငွေကြေးနဲ့ ရွှေ့ပြောင်းသွား ကျရတဲ့ ဒေသခံ ကချင်တိုင်းရင်းသားတွေဟာ ဒေသသစ်မှာ မလွဲမသွေ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။

အင်္ဂလန်က မြန်မာတွေရဲ့ ပေါက်ကွဲသံစဉ်တို့ရဲ့ ဆုံမှတ် တရုတ်သံရုံး

နိုင်ငံတော်လုံခြုံရေးနဲ့ လက်ရှိတရုတ်အခြေအနေ

တရုတ်တွေဟာ မြန်မာပြည်မှာ ရထားလမ်းတွေ၊ ပိုက်လိုင်းတွေ၊ ဆိပ်ကမ်းတွေ နဲ့ ဆည်တွေကိုဆောက် ၍ မြန်မာပြည်ရဲ့ တော၊တောင်၊ ရေ၊ မြေ နဲ့ မြေပေါ်မြေအောက် သယံဇာတ တွေ ကိုတူးဖော်ပြီးတော့ သူတို့တရုတ်ပြည်ကိုယူဆောင်ခဲ့၊ ယူဆောင်နေဆဲနဲ့ ဆက်လက်ယူဆောင်ဖို့ စီမံကိန်း များစွာနဲ့ လုပ်ကိုင်နေကြပါပြီ။ တည်ဆောက်မူလုပ်ငန်းတွေကို အကြောင်းပြပြီးတော့ တရုတ်လူမျိုး ထောင်ပေါင်း များစွာဟာ ပေါ်ပေါ်ထင်ထင်ရော၊ မထင်မရှားရော မြန်မာပြည်မှာ အခြေချနေ ထိုင်နေကျပါပြီ၊ ထိုသူတို့အား တစ်စုံတစ်ရာ လက်နက်တပ်ဆင်ပေးလိုက်ပါက မြန်မာပြည်ကြီးတွင် အင်းအားကြီးစစ်တပ် တစ်တပ် ဖြစ်ထွန်း လာနိုင်ပြီးတော့ နိုင်ငံတော်ရဲ့ လုံခြုံရေးကိုချိန်းခြောက်မူဖြစ်လာနိုင်ပါတယ်။

ထို့အတူ တရုတ်တို့သည် ဒေသခံ မြန်မာတိုင်းရင်းသားများအပေါ်တွင် လူမူရေး၊ စီးပွါးရေး အဘက်ဘက်၌ အုပ်စုဖွဲ့ဗိုလ်ကျစိုးမိုးကာ အနိုင်ကျင့်ရမ်းကားလာနေသည်မှာအထင်အရှားပင်ဖြစ်ပါသည်။ မြန်မာပြည်သူ၊ ပြည် သားများ ကိုယ့်နိုင်ငံတွင် တိုင်းတပါးသားများ၏ လူပါးဝစော်ကားခံရသည်မှာ လဘ်စားသော အကျင့်ပျက် အုပ်ချုပ်ရေးဝန်ထမ်းများနဲ့ နိုင်ငံကိုအုပ်ချုပ်သူများ အသုံးမကျ တာဝန်မဲ့ တကိုယ်ကောင်းဆန်မူ တို့ကြောင့်ဖြစ်ပါသည်။ တရုတ်တို့သည် သူတို့ပြည်မကြီးအားလွန်စွာချစ်၍ မြန်မာပြည်တွင် မည်မျှရှည် ကြာစွာနေထိုင်သော တရုတ်လူမျိုးများသည် မည်သည့်အချိန်၌မဆို တရုတ်ပြည်သူ့သမ္မတအပေါ်တွင်သာ သစ္စာခံယူကြောင်းနဲ့ အရေး အကြောင်းရှိပါက သူတို့အသင့်ရှိကြောင်းကို တရုတ်ပြည်သူ့သမ္မတ မြန်မာပြည် သို့ အလည်အပတ်လာရောက်စဉ်က တရုတ်လူမျိုးများ ရန်ကုန်တရုတ်တန်း၌ ပြောဆိုနေကြသည်ကို နားနဲ့ဆတ်ဆတ်ကြားဖူးပါသည်။ ထိုအကြောင်းအရာများသည် နိုင်ငံတော်ရဲ့ အမျိုးသားရေးနဲ့ လုံခြုံရေးကို စိုးရိမ် စရာများဖြစ်လာပါသည်။


ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အမြန်ဆုံးရပ်တန့်ဖို့အတွက် အမေရိကန်ရောက် မြန်မာလူမျိုးတွေက တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာတောင်းဆိုဆန္ဒပြ


တွေဝေနေဆဲ ဒီမိုကရေစီဘက်တော်သားများ

မကြာသေးမီကဘဲ လွတ်တော်ထဲမှာ ဧရာဝတီမြစ်နဲ့ ပတ်သက်လို့ အဆိုတင်သွင်းမူတွေ ဖြစ်ပေါ်လာတာနဲ့ ပတ်သက်ပြီး မျော်လင့် မိပေမဲ့ ကြံ့ဖွတ် အမတ်တွေကြီးစိုးနေတဲ့ လွတ်တော်မှာ အဲဒီ့အဆိုပြုချက်တွေပျောက်သွားမလားဆိုတာကို စိုးရိမ်မိပါတယ်။

အဆိုတင်သွင်းဆွေးနွေးတာတွေကို ကြိုဆိုပေမဲ့ အဲဒီ့လိုဆွေးနွေးနေတဲ့အချိန်မှာ ဆည်ကိုဆက်တည်ဆောက်ဖို့ အချိန်ဆွဲမယ် ဆိုရင်တော့ မြန်မာပြည်သူ၊ ပြည်သားတွေကို စော်ကားရာရောက်ပါတယ်။ အရင်တစ်ပတ်လောက်ကပဲ နေပြည်တော်မှာ ကျင်းပသွား တဲ့ မြန်မာ့ဒီမိုကရေစီနေ့မှာ သူတို့ဟာလဲ ဒီမိုကရေစီဘက်တော်သားတွေပါဆိုပြီး ကြုံးဝါးသွားကြပါတယ်။ ကောင်းပါပြီ အပြောနဲ့ အလုပ်ဘယ်လိုမျိုး ထပ်တူကျမကျ ဆိုတာကိုမြန်မာနိုင်ငံရေး စင်မြင့်ပေါ်မှာ ပြည်သူလူထုက စောင့်ကြည့်ရမှာပေါ့။

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အမြန်ဆုံးရပ်တန့်ဖို့အတွက် အင်္ဂလန်ရောက် မြန်မာလူမျိုးတွေက တရုတ်သံရုံးရှေ့မှာတောင်းဆိုဆန္ဒပြ

တကယ်တော့ ပြည်သူ့လွတ်တော်အမတ်တွေဆိုတာ တိုင်းပြည်ရဲ့ဘဏ္ဍာ၊ လစာတွေကိုစားနေ တာပါ။ ပြည်သူကိုကိုယ်စားပြု ရင် မြန်မာပြည်သူ၊ ပြည်သားတွေရှေ့ကဘဲ အစဉ်ရပ်တည်ရမှာပါ။ လူတစ်စုကောင်းစားရေးနဲ့၊ လူတစ်စုအကြိုက်ကိုလိုက်ပြီး လွတ်တော်ထဲမှာဆွေးနွေးရင်တော့ ပေါက်သင် ညိုခေါင်းညိမ့်၊ ကိုယ်ကျိုးစီးပွါးရှာ အမတ်လိမ်တွေပဲဖြစ်ကုန်မှာပါ။ ပါးစပ်ကတော့ လူတိုင်းပြော လို့တတ်နိုင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ အမှန်တကယ်လုပ်ဆောင်ဖို့ လိုပါတယ်။

ယနေ့အချိန်မှာ မြန်မာပြည်သူ၊ ပြည်သားတွေအားလုံးက ဧရာဝတီမြစ်ဆုံဆည်ကြီး ဆက်မဆောက်ဖို့ ဝိုင်းဝန်းတောင်းဆိုနေကြပါပြီ။ ဒီမိုကရေစီဘက်တော်သားလောင်းကြီးတွေ ရမယ့်အကျိုးအမြတ် နည်းနည်းလေး နဲ့ ပေးဆပ်ရမဲ့အရင်းအနှီးပေါင်းများစွာကို စဉ်းစားဆင်ခြင်ပြီးတော့ ပြည်သူလူထုရဲ့ ရင်ထဲကဆန္ဒကို အလေးပေး တန်ဖိုးထားမူတွေ စတင်ကျင့်သုံးသင့်ပါပြီ။ ဒါမှမဟုတ်ဘဲနဲ့ ဘယ်သူတွေက ဘာဘဲပြောပြောဆည်ကို ဆက်ဆောက် မှာပဲဆိုတဲ့ အာဏာရှင်စရိုက်ဆန်ဆန် တာဝန်မဲ့ပြောဆိုမူတွေကိုဆက်လုပ်မယ်ဆိုရင်တော့ အတုအယောင်ဒီမိုကရေစီဘက်တော်သားများ ဖြစ်ကုန်ပြီး ပြည်သူလူထုရဲ့ ယုံကြည်မူတွေကို ဘယ်တော့မှ တည်ဆောက်ရယူလို့ ရမှာမဟုတ်ဘူးဆိုတာကိုပြောချင်ပါတယ်။

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အမြန်ဆုံးရပ်တန့်ဖို့အတွက် အင်္ဂလန်ရောက် မြန်မာလူမျိုးတွေက တရုတ်သံရုံးရှေ့မှာတောင်းဆိုဆန္ဒပြ


အမျိုးသားရင်ကြားစေ့ရေးကို လက်ရှိအစိုးရအတွက်အချိန်ကောင်း

ယနေ့အချိန်ဟာ မြန်မာပြည်မှာ အသွင်ကူးပြောင်းရေးကာလရဲ့အပိုင်းတစ်ကွေ့ကိုရောက် ရှိနေပါပြီ။ ဒီလိုမျိုးအချိန်မှာ ဦးသိန်းစိန်အစိုးရဟာ အရင်စစ်အာဏာရှင်စနစ်ရဲ့ဆိုးမွေတွေကို ဆက်လက်မ ယူဆောင်တော့ဘဲနဲ့ ပြည်သူလူထုရဲ့ သဘောထား ဆန္ဒ အစစ်အမှန်ကို အလေးပေးဆောင်ရွပ်သင့်ပါပြီ။ ဘယ်ပြည်သူလူထုတစ်ဦးတစ်ယောက်ရဲ့ သဘောထားဆန္ဒကိုမှ မမေးဘဲနဲ့ ဒီလိုမျိုး ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို နှစ်နိုင်ငံသဘောတူလက်မှတ်တွေထိုးခဲ့တာ အာဏာရှင်စနစ်လွန်စွာဆန်ပါတယ်။ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းဟာ အမျိုးသားရေးဖြစ်ပြီးတော့ ယနေ့ဒီမိုကရေစီစနစ်ကို ထူထောင်နေတယ် ဆိုရင် ပြည်သူ့သဘောထားက ဦးထိပ်ပန် ဆင်ရမဲ့ ကိစ္စပါ။

ငါတို့မှန်တယ်ဆက်လုပ်မယ်ဆိုတဲ့ တစ်ကိုယ်ကောင်းအတ္တစိတ်တွေမထားဘဲနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး၊ သမိုင်းအမွေအနှစ်၊ ရိုးရာယဉ်ကျေးမူတွေ ပျက်စီးဆုံးရှုံးသွားမဲ့အရေးကို ဦးစားပေးလုပ်ဆောင်သင့်ပါတယ်။

အဲဒီ့လိုမျိုးလုပ်ဆောင်ရင် ပြည်သူ့ဆန္ဒခံယူပွဲတွေကို မှန်မှန်ကန်ကန်နဲ့ ဖော်ဆောင်သင့်ပါတယ်။ ထို့မှသာလျှင် တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် လုပ်ဆောင်တဲ့နေရာမှာ ပြည်သူလူထုနဲ့ ဦးသိန်းစိန်အစိုးရဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် ဖော်ဆောင်ဖို့ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်း ဖျက်သိမ်းမူဟာ ပထမခြေလှမ်းဖြစ်ကြောင်း မီးမောင်းထိုး ရေးသားလိုက်ရပါသည်။ ။

(ကဲကဲလေး)

18:48 စက်တင်ဘာလ ၂၁ရက်၊ ၂၀၁၁

မြန်မာပြည်ရဲ့  ဘ၀.. မြစ်ဧရာဝတီရဲ့အလှ မကွယ်ပျောက်အောင် စုပေါင်းကာကွယ်ကြ

တရုတ်တို့ကား စီးပွားရေးလောဘဇော ကပ်ကာ သူတို့ပြည်မှမြစ်ကြီး၊မြစ်ငယ်အသွယ်သွယ်ကို ဖျက်ဆီးပြစ်လိုက် ကြပေပြီ။ ထိုမှတစ်ဖန် လောဘဇောကိုအတောမသတ်နိုင်သေးရကား ဘေးဘီနိုင်ငံတွေကို အမြတ်ထုတ်ရန် ကြည့်လေရာ ဟောတွေ့ပြီ လူရမ်းကားတစ်စု လူသန်း၆၀ကို မထေ့မဲ့မြင် အနိုင်ကျင့်ရမ်းကားအုပ်စိုးခံနေရ တဲ့ မြန်မာပြည်မှ မိခင်ဧရာဝတီမြစ်ကြီး လှပစွာတသွင်သွင်စီးဆင်းနေလေရဲ့။

ဟာ မြန်မာပြည်ကြီးရဲ့ ခေါင်းပိုင်းကနေ ဟိုးမြစ်ဝကျွန်းပေါ်အောက်ပိုင်းအထိ စီးဆင်းနေလိုက်တာများ မနာလို စရာကောင်းလေစွ။ ဒီလိုစကောလောက်မှဇောက်မနက်တဲ့ညဏ်ညစ်ပတ်တွေထွက်လာပြီးသကာလ မြန်မာပြည် ကကိုယ်ကျိုးစီးပွားရှာ လောဘသား ဘိန်းဘုရင်လော်စစ်ဟန်တို့ သားအဖတွေ ကတစ်ဆင့် ဟိုကောင်တွေကို စည်းရုံးရေးဆင်းမယ်ပေါ့။ အောင်မယ် ကြည့်စမ်း အတန်းပညာလည်းလောက်လောက်လားလားမရှိ၊ အသိညဏ် ပညာလည်း နုံနဲ့၊ အတွေးအခေါ်ပညာမှာလည်း လိုက်၍မမှီလောက်အောင် လွန်မင်းစွာနိမ့်ကျသော်လည်း ကိုယ်ကိုကိုယ် အသိဆုံး၊ အတတ်ဆုံးလို့ ထင်မှတ်ထားတဲ့ ဇော်မင်းတို့လို လူ့ငနွားတွေ ရဲ့ ကြံ့ဖွတ်တွေ ဘာမှတောင်သိပ်မစည်းရုံးလိုက်ရဘူး သဘောတူတယ်ဆိုတာကအရင်ပါလား။ အင်းပေါ့လေ နှစ်ပေါင်းများစွာ တရုတ်တွေရဲ့ ခြောက်လုံး လှန့်လုံး၊ ညာလုံးတွေကို ဘယ်ပြည်သူပြည်သားတွေသေသေ ငါတို့အိပ်ကပ်ထဲကို ပိုက်ဆံရောက်ရင်ပြီးရော အမြဲလုပ်နေတဲ့ကောင်တွေဘဲ။ တစ်တိုင်းပြည်လုံး မြေလှန်၊ တူးဆွ ယူချင်ရာယူ ခွင့်ပေးတဲ့ အရူးစစ်အစိုးရ အခုလည်း သူဖာသာသူ လှပစွာတသွင်သွင်စီးဆင်းနေတဲ့ မိခင်ဧရာဝတီမြစ်ကြီးကို အမဲဖျက်မဲ့ တရုတ်လက်ကိုဝကွက်အပ်လိုက်ပြီ။ ဪပိုက်ဆံသာရရင် အရူးစစ်အစိုးရ သူတို့မွေးထားတဲ့ သမီးတွေကို ဈေးကောင်းပေးရင်လည်း ရောင်းမယ်ထင်တယ်။

မိခင်ဧရာဝတီမြစ်ကြီးဟာ ငါတို့မြန်မာပြည်ရဲ့  ဘ၀၊ မြစ်ဧရာဝတီကောရင် မြန်မာပြည်ကြီးမျော မယ်။ နောင်အနာဂတ် မှာပေးဆပ်မူပေါင်းများစွာနဲ့ စတေးခံရလိမ့်မယ်။ အဲဒီတော့ မြန်မာပြည်သားအားလုံး မြန်မာပြည်ရဲ့  ဘ၀.. မြစ်ဧရာဝတီရဲ့အလှ မကွယ်ပျောက်အောင် စုပေါင်းကာကွယ်ကြစို့။

(Rocky Burmese) 17th Sep, 2011

http://www.thepetitionsite.com/1/save-ayeyarwaddy-river/