Thursday 22 September 2011

မြစ်ဆုံရေကာတာ ကျိုးပေါက်လျှင်

ဒေါ်အောင်ဆန်းစုကြည်၏အမြင်တခု


♥۩۞۩♥ မြစ်ဆုံရေကာတာ ကျိုးပေါက်လျှင် ♥۩۞۩♥

♥۩۞۩♥(ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဂူ)♥۩۞۩♥

ရေကာတာ ကျိုးပေါက်လျှင် မြစ်ကြီးနားမြို့တွင် ရေလှိုင်းအမြင့် ပေ ၄၀၀၊ ဗန်းမော်မြို့တွင် ရေလှိုင်းအမြင့် ပေ ၃၀၀၊စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း ဒေသကြီးများတွင် ရေလှိုင်းအမြင့် ပေ ၂၀၀ မှ ၁၅၀၊ ပဲခူး ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီးများတွင် ရေလှိုင်းအမြင့် ပေ ၁၀၀ မှ ၅၀ ရှိနိုင်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ခုနစ်ခုသာ လွတ်နိုင်ပါသည်။

တရုတ် ကုမ္မဏီများသည် မလိခနှင့် မေခမြစ်၏ ပတ်ဝန်းကျင် မိုင် ၄၀ စီ စုစုပေါင်း မိုင် ၁၈၀ ကျော်ခန့် အတွင်းရှိရေဝပ် ဧရိယာ အားလုံးမှ သစ်၊ ဝါး၊ မြေပေါ်၊ မြေအောက် အဖိုးတန် သယံဇာတ သတ္တုအားလုံး ရှင်းလင်း ထုတ်ယူ၍တရုတ်ပြည်သို့ ယူဆောင် သွားသည် မှာ နှစ်နှစ်မြောက်ရှိပြီ ဖြစ်ပါသည်။

ကျွန်တော်တို့ နိုင်ငံသည် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီးဆီသို့ တက်လှမ်းနေပြီဖြစ်ပါသဖြင့် အထက်ပါ အကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေသော ရေကာတာကြီး ဆက်လက် တည်ဆောက်ရန်သင့်မသင့် ဆန္ဒ ခံယူသင့်ကြောင်း တင်ပြအပ်ပါသည်။

♥۩۞۩♥(ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောဂူ မှ ၁၇.၉. ၁၁ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားချက်)♥۩۞۩♥

'♥۩۞۩♥ အသားထဲကလောက်များ ♥۩۞۩♥

အောက်ပြည်မှာ နာဂစ်

အရှေ့ ဆီမှာစစ်ပွဲ

အနောက်စူးစူးထဲမှာ ဂီရိ

မြောက်ဘက်ကြည့်တော့ တိုက်ပွဲများ

နယ်စပ်အားလုံးမှာ ဒုက္ခသည်တွေ

လူငယ်လူရွယ်တွေ ကမ္ဘာပတ်ကျွန်ခံနေရ

အလယ်မှာက ရေကြီး

ငလျှင်ကြီးတွေလှုပ်

သည်ဒုက္ခပင်လယ်ကြီးထဲမှာ

အမိဧရာဝတီဟာ လည်မျိုညှစ်ခံနေရ ......

ငါ့တိုင်းပြည်ဘ၀ဆိုး

သူခိုးကိုဓါးရိုးကမ်းလို့ 

နောင်ပြင်ဖို့ ခက်တဲ့စာချုပ်များ

အသားထဲကလောက်များကြောင့်။ ..... ။

♥۩۞۩♥ လှိုင်ဘွား / ၈၈ ♥۩۞۩♥

No comments:

Post a Comment